Submitted by Aung San U on Tue, 09/22/2020 - 17:00

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် မိမိအတွက် လိုအပ်သော ရည်ရွယ်ချက်အချို့ ထားရှိခဲ့သည်။ ပထမဦးဆုံးအချက်အနေဖြင့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် အာဏာရရှိခဲ့သည့် မည်သည့် နိုင်ငံရေးပါတီ ကိုမဆို အရပ်ဖက်ဆိုင်ရာ မငြိမ်မသက်မှုများကို လျှော့ချကာကွယ်သော လုံခြုံရေး နည်းလမ်းများ ရှာဖွေခြင်း၊  ဒုတိယအချက်အနေဖြင့် တစ်ချိန်တည်းမှာပင် ဤ လုံခြုံရေး အစီအစဉ်များသည် အဓိကအားဖြင့် အကြီးတန်းစစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ လက်အောက်ငယ်သားများ၊ ဆွေမျိုးသားချင်းများ နှင့် ခရိုနီများ၏ အကျိုးစီးဖွား များကို အကာအကွယ်ပေးခြင်း၊ တတိယအချက်အနေဖြင့် မည်သည့် အစိုးရပင်ဖြစ်စေ ၎င်းတို့ကို တရားစွဲဆိုလိုပါက  (ဖွဲ့စည်းပုံအခြေခံဥပဒေအရ) တပ်မတော်သည် အကြောင်းပြချက်မလိုအပ်ဘဲ အချိန်မရွှေး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စွန့်လွှတ်ပြီး အာဏာသိမ်းယူပိုင်ခွင့် ရှိသည်။ စတုတ္ထအချက်အနေဖြင့် တရားဥပဒေစိုးမိုးရေးသည် (အရပ်သား) အစိုးရ၏တာဝန် ဖြစ်သည်။ သို့သော် စစ်တပ်ကိုယ်တိုင်က အရပ်သားဥပဒေကို ပယ်ဖျက်ပြီး စစ်တပ်ကို အုပ်ချုပ်ရန် ကိုယ်ပိုင်ဥပဒေများ ရှိသည်။ အကယ်၍ အရပ်ဘက်အစိုးရ ကိုယ်တိုင်က ၎င်းတို့၏ အကျိုးစီးပွားအတွက် ဥပဒေကို ချိုးဖောက်လိုလျှင် စစ်တပ်သည်လည်း အလားတူ ပြုလုပ်နိုင်သည်။ ဤနည်းအားဖြင့် အရပ်ဘက်အစိုးရသည် စစ်တပ်အပေါ် မိမိထက်ပိုမိုမြင့်မားသော လိုလားချက်များကို တောင်းဆို၍ မရနိုင်တော့ပါ။ ကမ္ဘာပေါ်ရှိ အစိုးရများအားလုံးသည် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရမည် ဖြစ်သည်။ အစိုးရ၏ အကြီးအကဲများသည်  ဥပဒေကို လိုက်နာရန် တာဝန်ရှိ သော်လည်း လက်တွေ့ကမ္ဘာတွင် အကျင့်ပျက်ခြစားမှုများစွာ ဖြစ်ပွားနေသည်ကို တွေ့ရှိလေ့ရှိသည်။