အချို့သောလူတွေအတွက် ဘဝဟူသည်မှာ ဆင်းရဲဒုက္ခသာဖြစ်၏ဟူ၍ ၎င်းတို့အနေဖြင့် ကျင့်ကြံ မှုဖြင့်ပင် ဆင်းရဲဒုက္ခတို့ကို ကင်းဝေးနိုင်မည်ဟူသော ယုံကြည်ခြင်းတရားကို ရိုက် သွင်းခြင်း ခံထားရသည်။အဲ့ဒီလို ယုံကြည်ထားတဲ့ သူတွေရဲ့ဘဝသည် ဒီထက်ပိုဆိုး တဲ့ ဒုက္ခဆင်းရဲခြင်းမျိုးစုံနဲ့ အဆုံးသတ်သွားပါလိမ့်မည်။ ဘဝဟူသည် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်ပါသည်။ ဘဝ၏စိန်ခေါ်မူများကို အမှားအမှန်ခွဲခြားတုံ့ပြန်နှိင်တဲ့ လူတွေအနေနဲ့ကတော့ အဆင်ပြေသောဘဝနှင့် ကြီးပွားတိုးတက်လာပါလိမ့်မည်။ ဘဝကို ပေါ့ပေါ့တန်းတန်းနေထိုင်သူတွေအတွက်ကတော့ ဆင်းရဲဒုက္ခတွေနဲ့သာ ရင်ဆိုင်နေရပါလိမ့်သည်။

            ကျွန်ပ်ဘဝ၏ အသက်သာနှစ် ၇၀ ကျော်အတွင်း ဖြတ်တန်းခဲ့ရဖူသောအရေးကြီးဘဝ သင်ခန်းစာ များအနတ် အချို့သည် အလွန်ခက်ခဲပြီး အနာဂါတ်မှာမလွှဲမသွေ ရှောင်ရှားရမယ့် ကိစ္စများ ရှိသလို၊ အချို့သည် ဘဝ၏ဖြစ်ရပ်မှန်များကို စနစ်တကျကိုင်တွယ် ဖြေရှင်းနိုင်ရန် ကူညီပေးသည့် မူများကို သတိပြုမိစေသည်။ ကျွန်တော်ဖြတ်သန်း ကြီးပြင်းလာခဲ့သော ဘဝအတွေ့အကြုံဟူသမျှကို စာဖတ်ပရိတ်သတ်များအား မျှဝေလိုပါသည်။ ၎င်းအခြေခံအတွေးအခေါ် နိယာမကြီးသည် အမှောင်ချခံထား ရသော တိုင်းပြည်နှင့်လူမျိုးအတွက် ဉာဏ်အလင်းပြပေးနှိင်သော အဓိကနိယာမ ကြီးပင် ဖြစ်သည်။ 

        ကျွန်တော် ၁၁ နှစ်သားအရွယ်တွင် ရန်ကုန်မြို့လယ်ခေါင်ရှိ U.S.I.S (United States Information Services) စာကြည့်တိုက်မှ စာအုပ်တစ်အုပ်ကို ဖတ်ရှုခဲ့ရာ ကျွန် တော့်နှလုံးသားထဲ စွဲငြိနှစ်သက်စေခဲ့သော စာပိုဒ်တစ်ပိုဒ် ဖတ်မိခဲ့သည်။ အဆိုပါ စာပိုဒ်မှာ ဤသို့ဖြစ်ပါ၏-

“When a task is once begun, Never leave it till it’s done,

 Be the task be great or small, Do it well or not at all.”

စာပိုဒ်၏အဓိပ္ပါယ်မှာ “အလုပ်တစ်ခုကို စလုပ်ပြီဆိုလျှင် ပြီးဆုံးသည့်အထိ လုပ်ပါ။ အလုပ် ကြီး သည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ” အဆိုပါစာသား သည် ကျွန်တော့်ဘဝ၏ အခြေခံအတွေးအခေါ်နိယာမအများကြီးထဲက ကနဦး လမ်းညွန်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါသည်။ မိမိမှာ အသက်ငယ်ရွယ်သော်လည်း အဆိုပါစာပုဒ်သည် ကျွန်တော့်ဘဝ၏ အခြေခံအတွေးအခေါ်ကို အုတ်မြစ်ချမှတ် ပေးခဲ့သည်။ ကျွန်တော်ယူဆသော သမာဓိတရားနှင့်ပတ်သက်၍ ဝေမျှပေးခြင်းဖြစ်ပါသည််။