Submitted by Aung San U on Sat, 08/01/2020 - 13:12
PDF download ဖတ်ရှုနိုင်ပါသည် ။

 နိဒါန်း

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်အစိုးရစနစ်များ ပေါ် ပေါက်လာပြီး စစ်အာဏာရှင်အုပ်ချုပ်မှုခေတ်မှ အစပြုပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်။ ယခုအခါ အရပ်သား / စစ်တပ်၏အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှု /ဒီမိုကရေစီနှင့် လိုက်ဖက်ရောနှောသည့် ခေတ်တွင်  ဤစနစ်များသည်လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးဖြစ်စဥ် အဖြစ်မှန်နှင့် မသင့်တော် ပါ။ လက်ရှိအချိန်တွင် တွေးခေါ်စဥ်းစားဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော မြန်မာပြည်သူများအနေဖြင့် အမှန်တကယ်လက်တွေ့ကျသော နိုင်ငံရေးနှင့်အစိုးရစနစ်သစ်ကို အကောင်အထည်ဖော်နိုင်ရန် အတွက် စဉ်းစားလျှက် ပါဝင်ဆောင်ရွှက်ရန် လိုအပ်သည့်အချိန်ပင်ဖြစ်သည်။ ပြည်သူလူထုအား ဦးဆောင်၍ အမျိုးသားအဆင့်ဆွေးနွေးပွဲများကို အရေးတကြီးကျင်းပရန်လိုအပ်ပါသည်။

အောက်တွင်ဖော်ပြထားသည့် ဆောင်းပါးတို “တန်ဖိုးရှိသောဘဝနှင့် ရပ်တည်ခြင်း” ( Living a Life with Values ) ၏ အပိုင်း ၃ (ဒုတိယပိုင်း) မှထုတ်ယူထားပါသည်။ ယင်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အဓိကရေးသားထားခြင်းဖြစ်သော်လည်း လိုလားသောစနစ် အတွက် လိုအပ်ချက်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားပြီးဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင် မှုများအတွက် အသုံးဝင်သောစဥ်းစားဖွယ်ရာလမ်းစဥ်လည်းဖြစ်သည်။


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်များနှင့် အခြားအစိုးရ တစ်ရပ်ကို ဖွဲ့စည်းနိုင်သော အင်အားကြီးပါတီမရှိဟု အဓိကပါတီကြီးအဖြစ် သတ်မှတ်ထားခံရသော နိုင်ငံရေးပါတီကြီးများက ပြောကောင်းပြောလိမ့်မည် ဖြစ်သည်။ ပါတီငယ်များ အတူတကွစုစည်းဖွဲ့စည်းထားသော ညွန့်ပေါင်းအဖွဲ့ အဖြစ် အနိုင်ရရင်ပင် ၎င်းတို့သည် စည်းလုံးညီညွတ်ရေး သို့မဟုတ် တရားမျှတမှု၊ ဘဏ္ဍာရေး၊ ပညာရေးစနစ်နှင့် ပတ်သက်သော မူဝါဒများကို ပြုပြင်ပြောင်းလဲနိုင်  စွမ်းမရှိပေ။ ဒီမိုကရေစီ အမည်ခံသာဖြစ်သော အကျင့်စရိတ္တယိုယွင်းပျက် စီးပြီး ဒီမိုကရေစီ အယောင်ဆောင်သူများကို လုံးဝသည်းခံခြင်းမရှိဘဲ နိုင်ငံရေးခေါင်း ဆောင်မှုအတွက် မသင့်တော်သူများကို မဲမ ပေးဘဲဖယ်ထုပ်ရမည် ဖြစ်သည်။ အကယ်၍ နိုင်ငံရေးစနစ်ကို မှန်ကန်စွာ ရေးဆွဲတည်ဆောက်ထားပါက မဲဆန္ဒရှင် များအနေဖြင့် အဓိပ္ပါယ်ရှိသော နိုင်ငံရေးရွေးချယ်မှုများမရှိခြင်းကို စိုးရိမ်ရန်လိုမည် မဟုတ်ပါ။ အကယ်၍ မဲဆန္ဒရှင်များသည် ဤပြဿနာကိစ္စများကို ပိုမိုအသေးစိတ် သိခြင်ပါက အောက်တွင်ဖော်ပြထား သော ဆွေးနွေးချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို မည်သို့ရှေ့ဆက် ဖြတ်သန်းရမည်ကို ရည်ညွှန်း၍ ဖော်ပြထားပါ သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဖြစ်နိုင်ချေများကို အောက်တွင် မှန်းစဖော်ပြထား ပါသည်-

  • ဖြစ်နိုင်ချေ (၁) မဲအရေအတွက်၏ ၅၁ ရာခိုင်နှုန်းနှင့် အထက်ဖြင့် NLD အနိုင် ရခြင်း။
  • ဖြစ်နိုင်ချေ (၂) NLD သည် မဲ ၅၁ ရာခိုင်းနှုန်းအောက် ရရှိခဲ့သော်လည်း အတိုက်အခံ ပါတီများဖြစ်သော ညွန်ပေါင်းအဖွဲ့လည်း NLD လောက် မဲမရရှိ ခြင်း။
  • ဖြစ်နိုင်ချေ (၃) အတိုက်အခံပါတီဘက်မှ စုစုပေါင်းမဲအရေအတွက် NLD ထက် များ ခဲ့သော်လည်း NLD က အခြားပါတီများနှင့်ပေါင်းကာ ညွန်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ခြင်း။
  • ဖြစ်နိုင်ချေ (၄) NLD အနေဖြင့် နိုင်ခြေရှိသောညွှန့်ပေါင်းအစိုးရ မဖွဲ့နိုင်ဘဲ နိုင်ငံ တော်အာဏာကို လက်လွှတ်ဆုံးရှုံးရခြင်း။
  • ဖြစ်နိုင်ချေ (X) NLD လည်းမဟုတ်၊ အခြေခံဥပဒေအရလည်း မဟုတ်သော အစိုးရ တစ်ရပ် ၂၀၂၀ နောက်ပိုင်း၌ ပေါ်ပေါက်လာခြင်း။

ဖြစ်နိုင်ချေ () မှ () အထိ အလားအလာများမှာ မလိုလားဖွယ်ရှိသော အခြေအနေများ ဖြစ်ကြသည်။ ဖြစ်နိုင်ချေ()သည် ဒေါ်စုကြည်အား သမ္မတအထက်တွင် အတိုင်ပင်ခံ အဖြစ် ဆက်လက်တည်ရှိရန် ခက်ခဲစေလိမ့်မည် ဖြစ်သည်။ သီအိုရီ Theory အရ NLD နှင့် စစ်တပ်ပူးပေါင်းပြီး အစိုးရဖွဲ့စည်းရန် ဖြစ်နိုင်ခဲ့သည့်ပင် လက်တွေ့အရ ၎င်းတို့၏ အောက်ခြေ အဆင့်က လူများသည် အချင်းချင်းပူးပေါင်းညှိ့နှိင်းဆောင် ရွက်ဖို့ဆိုတာ လွယ်ကူလိမ့်မည် မဟုတ် ပါ။ သို့သော် နှစ်ဖက်စလုံးမှ ပြည်သူအများ ၏ အကျိုးအမြတ်ကို ဂရုမစိုက်ဘဲ၊ အခြေအနေအရ အမြတ်ထုတ်သောစိတ်သာရှိ ပါက အတူတကွ ပေါင်းစည်းနိုင်လိမ့်မည်။ ဖြစ်နိုင်ချေ (X) နှင့်ပတ်သက်၍ တပ်မတော်၏ ခေါင်းဆောင်မှုပိုင်းဆိုင်ရာများက အတွေးအခေါ်များ ပြောင်းလဲမူ မရှိပါက အလွန်ဆိုးရွားသည့် အခြေအနေတစ်ရပ် ဖြစ်သွားနှိင်လိမ့်မည်။ ဖြစ်နိုင်ချေ ()အရ NLD ကလည်း ညွှန့်ပေါင်းအစိုးရ မဖွဲ့နိုင်သလို အခြားအတိုက်အခံများ ဘက်ကလည်း ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရပ်တည်မှုအဆင်မပြေပါက တပ်မတော် မှ ဦးဆောင်သောအဖွဲ့ ပေါ်ပေါက်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရှေ့ဆက် တိုးတက်မှု ရှိနေစေရန် အကောင်းဆုံးသော အခွင့်အလမ်း များလည်း ဤအခြေ အနေဖြစ်ထွန်းမှသာလျှင် ပေါက်ဖွားလာနိုင်သဖြင့် မိမိတို့အနေဖြင့် ဤအခြေ အနေအား ဆက်လက်စဥ်းစားဖို့ လိုပါသည်။

ဖြစ်နိုင်ချေ()တွင် ကြုံတွေ့လာနိုင်သည့် အခြေအနေ()ရပ် ရှိပါသည်။ ပထမ အခြေအနေမှာ တပ်မတော်၏ မဲ ၂၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းပါဝင်ရန်ဖြစ်ပြီး ဒုတိယအခြေအနေမှာ တပ်မတော်၏ ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းမရှိဘဲ အခြားမဲများနှင့်သာ ပူးပေါင်းပါဝင် ရန် ဖြစ်သည်။ ထိုအခြေအနေအား ဖြစ်နိုင်ချေ(-)ဟုခေါ်၍ ယင်းအခြေအနေကို အရင်ဦးဆုံး လေ့လာကြည့် ကြပါစို့။

ဖြစ်နိုင်ချေ(-)သည် အလယ်အလတ်နှင့် အသေးစားပါတီများအနေဖြင့် ပါဝင်ဖွဲ့စည်း ထားသည့် ညွန့်ပေါင်းဖြစ်သည်။ အဆိုပါ ပါတီများ၏ နိုင်ငံရေးလမ်းစဉ်များမှာ နိုင်ငံတော်အဆင့် ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ဘဲ ၎င်းတို့ပါဝင်လှုပ်ရှားကြသည့် ဒေသအဆင့်သာ ရှိပေလိမ့်မည်။ လွှတ်တော်အမတ် ဘယ်နှစ်နေရာ၌ အရွေးခံ အနိုင်ရရှိခဲ့သည် ကိုသာ အလေးထားမည်။ အမတ် ဘယ်နှစ်ဦး ပါဝင်ယှဥ်ပြိုင်ရွေးသည်ကို အလေး ထားမည် မဟုတ်ပေ။ အဆိုပါအခြေအနေမျိုးတွင် ပထမဆုံးကြုံတွေ့ရမည့် စည်းရုံးရေး ဆိုင်ရာပြဿနာမှာ ပါတီငယ်များမှ မည်သူက သမ္မတလုပ်မည်၊ မည်သူက ဝန်ကြီးလုပ်မည် ဟူသောအမြင့်ဆုံးအဆင့် ထိပ်ပိုင်းရာထူးများကို မည်သို့ခွဲဝေမည်နည်း ဟူသောပြဿနာများပင်ဖြစ်သည်။ ဤပြဿနာသည် ညွန့်ပေါင်း ပါဝင်သောပါတီများအားလုံးတို့ ကြုံတွေ့ရမြဲပင်ဖြစ်သည်။ ဒေသလုပ်ငန်းကိစ္စ များကျော်လွန်ပြီး ပိုမိုကျယ်ပြန့်စွာ စဉ်းစားတွေးခေါ်နိုင်သူတို့က နိုင်ငံတော်အဆင့် ရာထူးတာဝန်များ ခန့်အပ်ခြင်း ခံရသူများ ဖြစ်နိုင်ဖွယ်ရှိရှိကြမည်ဖြစ်ပါသည်။ အကယ်၍ သဘောတူညီမှုမရသဖြင့် ရှေ့ဆက်မတိုး နိုင်ပါက ဖြစ်နိုင်ချေ() နေရာတွင် ဖြစ်နိုင်ချေ (X) က အလျင်အမြန် အစားထိုးဝင်ရောက် လာနိုင်လိမ့်မည်ဆိုသော အချက်ကို စွဲစွဲမြဲမြဲမှတ်သားထားဖို့ လိုအပ်ပါလိမ့်မည်။ ဆိုလိုသည်မှာ နောက်ထပ် နှစ်(၂၀)ခန့် စစ်တပ်၏ အုပ်ချုပ်မှု အောက်သို့ ပြန်လည်ကျရောက် သွားနိုင်ပါသည်။  အကယ်၍ အရပ်ဘက်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့သည်  မြန်မာနိုင်ငံ၏ရှေ့ရေးကို အလေးအနက် ထားပါက ၎င်းတို့အချင်းချင်းကြားတွင် ထိရောက်မှုရှိစွာ ပြန်လည် စဉ်းစားဆုံးဖြတ်နိုင်ရန် လိုအပ်ပါ သည်။ ကောင်းမွန်သောအစိုးရတရပ်ကို မည်ကဲ့သို့ ဖွဲ့စည်းသင့်သည်ဟူသော ကျွန်တော်တို့၏ အကြံပြုချက်များကို လက်ခံရန် လိုအပ် လာနိုင်မည်။

အစိုးရအဖွဲ့ ရာထူးနေရာများ ဆုံးဖြတ်ပြီးပြီဆိုပါက အဆိုပါညွန့်ပေါင်းအဖွဲ့အားလုံး day-to-day လုပ်ငန်းစဉ်များကို မည်သို့ ဆောင်ရွက်ရမည်ကိုလည်း အလျင်အမြန်ညှိနိုင်းလေ့ လာကြဖို့ လိုအပ်ပါသည်။ အထူးသင်တန်းများလည်း စီမံပို့ချပေးရန် လိုအပ်လိမ့် မည်။ တစ်ချိန်တည်းမှာပင် ဗဟိုပညာရှင်အဖွဲ့” (The Central Think Tank)ကို မည်သို့ ဖွဲ့စည်းဆောင်ရွက်ရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပါမည်။ ညွန့်ပေါင်းအဖွဲ့၏ သဘောတူညီချက်များကို (ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥပဒေ အသစ်များ မပြဌာန်းမှီအထိ) မူဝါဒအဖြစ် မည်သို့ ဖော်ဆောင် သွားမည်ကို အဆိုပါဗဟို ပညာရှင်အဖွဲ့” The Central Think Tank (နောက်ပိုင်းတွင် Think Tank ဟူ၍ ရေးသားပါမည်) က ဦးဆောင်ပြီး အကောင်းဆုံးဖြစ်အောင် ဆက်လက် ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။ အဆိုပါမူဝါဒများမှာ ရေတို Short-Term (တစ်နှစ်အတွင်း)နှင့် ရေရှည် Long-Term မံကိန်းများ ဖြစ်ရပါမည်။ မည်သို့ ဆက် လက်ဆောင်ရွက်သွားသင့်သည်ကိုလည်း ကျွန်တော်တို့ အကြံပြုပေးသွားနိုင်ပါ သည်။ မှတ်ချက်- ဝန်ကြီးများရုံးများနှင့် ၎င်းတို့၏ ဌာနအောက် အဖွဲ့အစည်းများ အားလုံးတွင် ပေါ်ထွက်လာကြသော Projects ကြီးများ ဆောင်ရွက်ရန် ကုန်ကျမှု (စရိတ်)နှင့် အချိန်ကြာမြင့်မှု့ အဆင့်တစ်ခုထက် များလာပါက Think Tank အနေ ဖြင့် အသေးစိတ်လေ့လာပြီး လုပ်သင့်မလုပ်သင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ အား အကြံပြုပေးရန် ဖြစ်သည်။ သို့မှသာလျှင် “Signature Bonus” ဟူသော ဝန်ကြီးဌာနများမှ အကျင့်ပျက်ခြစားမှုများကို ထိမ်းချုပ်နိုင်မည်။ Think Tank သည် အရေးကြီးသော 5th Branch of Government ( Branches of Government are Executive , Legislative, Judicial & Bureaucracy)  ဖြစ်လာနိုင်ရန် လိုပါသည်။ Think Tank သည် ပြည်တွင်းပြည်ပရှိ ထူးချွန်သော မြန်မာနိုင်ငံသား ပညာရှင်များနှင့် ဖွဲ့စည်းထားမည်ဖြစ်ခြင်းကြောင့် ပုဂ္ဂလိကစီးပွားရေးသမားများ နှင့် ပါတီခေါင်းစားမူများ မပါစေဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံး အကျိုးပြုပေးသော အဖွဲ့အစည်းအဖြစ်ပေါ်ပေါက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် Branch of Government အဆင့် ရှိသော Power လိုအပ်ပါသည်။

ပညာရှင် အဖွဲ့” (Think Tank)မရှိသော ပါတီကြီးများနှင့် နှိင်းယှဥ်ပါက အဆိုပါ ပညာရှင် အဖွဲ့” (Think Tank)၏ လုပ်ဆောင်ချက်သည် ပါတီစုံညွန့်ပေါင်းအဖွဲ့အတွက် အင်အား ကြီးမားပြီး စွမ်းဆောင်ရည်ကောင်းမွန်သော အဖွဲ့များအဖြစ်သို့ မြှင့်တင်ပေးနှိင် စေသည်။ ဤအချက်သည် ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို ပြောင်းလဲစေနိုင်သော အဓိက အကြောင်း အချက် (Game Changer) ဖြစ်သည်။ ၎င်းသည် တစ်နိုင်ငံ လုံးရှိ မဲဆန္ဒနယ်အသီးသီးတွင် ဒေသဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးများမှ ထိုဒေသတွင် မွေးဖွားကြီးပြင်းသော ကိုယ်စားလှယ်ကို မဲပေးရေးအတွက် ဖြစ်နိုင် ခြေ ကောင်းလာပါလိမ့်မည်

ပညာရှင်အဖွဲ့” (Think Tank) ဖွဲ့စည်းနိုင်ရန်အတွက် ပထမဦးစွာ ကျွန်တော်တို့သည် မြန်မာ နိုင်ငံ၏ အဓိကနယ်ပယ်များတွင် ကျွမ်းကျင်မှုရှိသည့် ထိပ်တန်းပညာရှင်ပေါင်း အ ယောက် ၁၀၀ ကို ဖော်ထုတ်စည်းရုံးရန် လိုအပ်ပါသည်။ ၎င်းတို့သည် အခြေခံ နိယာမ၏ မဏ္ဍိုင်များ (Pillars of Principles) ကို အကောင်အထည်ဖော်ရန် တာ ၀န်ယူရမည်။ အမျိုးသားဆန္ဒနှင့် ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးတိုး တက်မှုအတွက် လိုအပ်သောစိတ်ဓာတ်သည် ဤအခြေခံပေါ်တွင် မူတည်ပါသည် the National Will and the Spirit Requisite for the Growth of  Civilization (Bogyoke Aung San) (ဗိုလ်ချုပ် အောင်ဆန်း)  ၎င်းတို့သည် စစ်တပ်နှင့် အစိုးရဌာနများအပါအဝင် အစိုးရ၏ ဌာနခွဲအားလုံးမှ ထူးချွန်သူများ လာရောက်ပါဝင်သင့်သည်။ ထို့အပြင် အပြုသဘောဆောင်သောပံ့ပိုးမှုများ ပေးနိုင်သည့် အထူးအကျိုးစီးပွားအုပ်စုများ (Special Interest Groups – SIG) အားလုံးလည်း ပါဝင်ရန် လိုအပ်သည်။ သက္ကသိုလ်များမှ ပညာရှင်များလဲ ပါဝင်ကြရမည်။ လူအင်အားများကို လိုအပ်ချက် များနှင့် ရရှိနိုင်မှုအပေါ်အခြေခံ၍ ဖွဲ့စည်းညှိနှိုင်းရပါလိမ့်မည်။ လိုအပ်ပါက ပြည်ပ မှ ကျွမ်းကျင်သူများ ပါဝင်နိုင်သည်။  များစွာသော Think Tank အဖွဲ့ဝင် ပုဂ္ဂိုလ်များသည် Cyber Systems များကို ကောင်းမွန်စွာ အသုံးပြုနိုင်သည့်အတွက် လုပ်ငန်းလည်ပတ်မှု သည် ယခုခေတ်စီးပွားရေးကုမ္ပဏီများ Modern Business Corporations နှင့် ဆောင်ရွက်ပုံများ တူလိမ့်မည်ဖြစ်သည်။

 အချို့သောရန်ပုံငွေနှင့် Project Life-Cycle ထက်ကျော်လွန်သော အဓိကစီမံကိန်း များအားလုံး သည် သက်ဆိုင်ရာန်ကြီးဌာနများ သို့မဟုတ် ဌာနဆိုင်ရာများအနေဖြင့် အကောင် အထည်စတင်မဖော်ဆောင်မီကပင် ပညာရှင်အဖွဲ့ Think Tank မှတစ်ဆင့် အတည်ပြုရန် တင်ပြရမည်။ ဤနည်းအားဖြင့်၊ “ Signature Bonus” ဟူသော အကျင့်ပျက်ခြစားမှုများကို လျော့ချနိုင်မည် ဖြစ်သည်။ အဓိကစီမံကိန်းများ အား လုံးသည် မဏ္ဍိုင်များ (Pillars of Principles) နှင့် ဆီလျော်မူ ဖြစ်ရမည်။ ယင်း စီမံကိန်းများသည် သတ်မှတ်ထားသော စစ်ဆေးခြင်းများကို ခံယူရမည်။ ၎င်းတို့သည် ဘတ်ဂျက်အတွင်းနှင့် အမှန်တကယ် တိုးတက်မှု ရှိစေရန် ပညာရှင်အဖွဲ့ “Think Tank” များက Inspection Teams များ လေ့လာစောင့်ကြည့် ရမည်။

အစိုးရအတွက်စဉ်းစားရန် အဓိကမဏ္ဍိုင်(Pillars of Principles)များမှာ တရားမျှတမှုနှင့် တရား မျှတသော ဥပဒေများ၊ စည်းစိမ်ဥစ္စာ မျှတစွာခွဲဝေခြင်း၊ လက်တွေ့ကျသောပညာ ရေး အစီအစဉ်များ၊ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးအစီအစဉ်များ၊ တောရိုင်းတိရစ္ဆာန် များနှင့်  သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု အစီအစဉ်များ၊ သဘာဝ သယံဇာတများကို ထိန်းသိမ်းခြင်း၊ ခေတ်သစ်ယဉ်ကျေးမှုများ၏ ကောင်းကျိုးများ ကိုနားလည်ခြင်း (ယဉ်ကျေးမှုနှင့် အကျင့်စာရိတ္တပျက်ပြာမူများကို ဖယ်ရှားခြင်း)၊ လက်တွေ့ကျကျ စဥ်းစာတွေးခေါ်တက်သော စိတ်ဓါတ်မျိုးကို နားလည်သဘော ပေါက်ခြင်း၊ ပျင်းရိသော၊ ညံ့ဖျင်းသော၊ လိမ်ညာကောက်ကျစ် လှည့်ဖျားတက်သော Lie ,Cheat and Deceive (LCD) ကဲ့သို့ လူတန်းစားများ နည်းပါးစေရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းလမ်းများ (ဆိုက်ဘာ Cyber System အခြေ ပြု စနစ်များ)၊ အစိုးရဌာနများ၏ (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ဗျူရိုကရေစီ) အလေ့ အကျင့်များကို ကြီးကြပ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နှင့် မီဒီယာများ စောင့်ထိန်း ရမည့်စည်းမျဥ်းများ စသည်ဖြင့်။

 ဒီမိုကရက်တစ် Democratic အဖွဲ့အစည်း များတည်ထောင်ခြင်း၊ ဖက်ဒရယ်စနစ် သို့မဟုတ် အခြားရွေးချယ်စရာနည်းလမ်းများ Federalism or alternatives အတွက် စဉ်းစား ခြင်း၊ အိန္ဒိယသမုဒ္ဒရာဘက်မှ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသို့ ကွန်တိန်နာရထား လမ်း Container Rail Systems များဖြစ်သော စီးပွားရေးစင်္ကြံလမ်းမကြီးများ (အိမ် နီးချင်းနိုင်ငံများနှင့် ပတ်သက်သောပြဿနာများ)စသည်တို့ကို လေ့လာခြင်း မပြု လုပ်မီ သက်ဆိုင်သည့်မဏ္ဍိုင် (Pillars of Principles) ကြီးများကို သေသေချာချာ နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါသည်။ ဤမျှကျယ်ပြန့်ပြီး အခြေခံအဆင့် ဖြစ်သော "Upper Level Structures" (utilizing the support of hopefully very sound Pillars of Principles) ကို ဆက်စပ်လေ့လာ ပြီးနောက် ၎င်းတို့အကြား အပြန်အလှန်စဉ်းစားတွေးခေါ်မှုအပေါ် (မြန်မာနိုင်ငံ၏ အခြေအနေ ပေါ်မူတည်ပြီး) အခြေခံ၍ ပိုမိုကောင်းမွန်သော နားလည်မှုများနှင့် ပိုမိုကောင်းမွန်သော အခြေအ နေသို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ပညာရှင်အဖွဲ့ “Think Tank” ကို အစိုးရ၏ဌာနကဲ့သို့ သတ်မှတ်ထား သင့်သည်။

ဘရာဇီးသည် ၁၉၈၅ မတ်လတွင် ၂၁ နှစ်ခန့်ကြာ အုပ်ချုပ်ခဲ့သည့်စစ်အာဏာရှင်စနစ်ကို အဆုံး သတ်ခဲ့သည်(အင်တာနတ်တွင်လေ့လာဖက်ရှုနှိင်ပါသည်) အရပ်သားအစိုးရသစ် အနေနှင့် ဒီမိုကရေစီအင်စတီကျူးရှင်း(Institution)များအား ပြန်လည်တည် ဆောက်ဖို့အတွက်၊ လက်ရှိမြန်မာဒီမိုကရေစီကို လိုလားသည့် မည်သည့်အစိုးရ အဖွဲ့အစည်းမဆို ထိုအချိန်က ဘရာဇီးနှိင်ငံ၏ ဒီမိုကရေစီကို မည်ကဲ့သို့ ပြန်လည် တည်ဆောက်သွားခဲ့သည်ကို လေ့လာသင်ယူသင့် ပါသည်။ တရုတ်ကဲ့သို့သော နိုင်ငံသည် လူနည်းစုများကြားထဲက လူနည်းစုငယ်များအများအပြားရှိသော်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးခြင်း မရှိပါ။ ထို့ကြောင့် ဖယ်ဒရယ်စနစ်သည် လူနည်းစု များ၏တည်ရှိမှုကို အုပ်ချုပ်ရန် တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါ။ အချို့ သောဖြစ်ရပ်များတွင် တရုတ်နှင့် မြန်မာ တို့သည် နယ်စပ်တလျှောက်တွင် တူညီ သောတိုင်းရင်းသားလူနည်းစုများ နေထိုင်ကြသည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံ သို့တင်ပို့မည့် ကွန်တိန်နာရထားလမ်းသည် အလွန်အရေးကြီးသော ပထဝီမဟာ ဗျူဟာတန်ဖိုး (Geo-Strategic Values) ရှိရာ ၎င်းအတွက် ဆောက်လုပ်ရေး လုပ် ငန်းကို ကုန်ကျစရိတ်စျေးနှုန်း (Cost Pricing) အပေါ်မူတည်၍ စဉ်းစားလို့မရပါ။ မြန်မာနိုင်ငံ၏ ပိုင်နက်နေရာအတွင်း စီးပွားရေး လည်ပတ်မှုအတွက် ဝင်ငွေအများ ဆုံးနှင့် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် အနည်းဆုံး ဖြစ်သော တန်ဖိုးစျေးနှုန်း (Value Pricing)ကို ရရှိသင့်ပါသည်။ ပါတီငယ်များဖြင့် ဖွဲ့စည်းထားသော အစိုးရ ဖြစ်သော် ငြားလည်း ပညာရှင်အဖွဲ့ Think Tank များနှင့် လွှတ်တော်အမတ်များပေါင်း၍ မူဝါဒအသစ်များနှင့် ပြုပြင်ပြောင်းရမည့်မူဝါဒများကို စဥ်းစားနိုင်ပြီး  အောင်မြင်မှု များအားမြှင့်တင်ပေးနိုင် မည်ဖြစ်သည်။

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြန်စဉ်းစားမိသောအခါ၊ ဤဖြစ်နိုင်ခြေ(၄ခ-၂) သို့ ရောက် လာနိုင်လျှင် ကျွန်တော်တို့အတွက် ကစားနည်းအသစ်တစ်ခု ရရှိလာပါပြီ။ ဖြစ်နိုင် ချေ(၄ခ) ကနေ ဖြစ်နိုင်ချေ(၄ခ-၂)အဆင့်သို့ တိုးမြင့်နိုင်ခဲ့လျှင် အကျိုးအမြတ် အပြည့်အဝ ရရှိရေးအတွက် ဒေသဆိုင်ရာ ပါတီငယ်များကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အချိန်မှီ ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲ အတွက် အပြည့်အဝ မပြင်ဆင်နိုင်ခဲ့သည်ဖြစ်ခဲ့သော် ပညာရှင်အဖွဲ့ “Think Tank” ကို အမြန်ဆုံးဖွဲ့စည်းနိုင်မှသာလျှင် မြန်မာနိုင်ငံ၏ လည်ပတ် နေသော နိုင်ငံရေး စနစ်အတွက် အရေးရာရောက် မည်ဖြစ်သည်။

ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (ပေါင်းစပ်ညှိနှိုင်းထားသော အဖွဲ့အစည်းအဖြစ် ဖော်ပြရန် တွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတံဆိပ် LOGO) ပေါ်ပေါက်ရန် လိုပါသည်။ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီတံဆိပ်နှင့်အတူ ပါတီငယ်များ၏ပင်ကိုတံဆိပ်များ ပြသခြင်းအားဖြင့် မဲဆန္ဒရှင်များအား အဖွဲ့အစည်းနှင့် ဆက်ဆက်မှုကို သိရှိစေမည် ဖြစ်သည်။ ပေါင်းစပ်ညှိ နှိုင်းရေး ကော်မတီအမည်ကို (ဒို့ပြည်) ဟု ယာယီခေါ် ပါမည်။ NLD မှလွဲ၍ ရွေးကောက်ပွဲပြီးဆုံးပြီး နောက်ပိုင်းအချိန်၌ပင် မည်သည့် ပါတီမဆို အနည်းဆုံး အနိုင်ရအမတ် တစ်ဦးရှိလျှင်ကိုပင် (ဒို့ပြည်) အဖွဲ့ဝင် ဖြစ်လာနိုင်သည်။ NLD လွှတ် တော်အမတ်များအနေနှင့် NLD မှခွဲထွက်ပြီးမှသာ (ဒို့ပြည်) အဖွဲ့ဝင် ဖြစ်လာနိုင် မည်။ ဖြစ်နှိင်ချေ (၄ခ-၂) (ဒို့ပြည်)၏ ဆန္ဒမဲသည် စစ်တပ်အဖွဲ့အစည်းများ၏ မဲဆန္ဒ ၂၅ ရာခိုင်နှုန်းနှင့် မတိန်းမယိန်းဖြစ်လာနိုင်လျှင် စစ်တပ်ကပင် (ဒို့ပြည်) ၏ အဖွဲ့ဝင်အဖြစ် ဖြစ်လာနှိင်ပြီး ၎င်းတို့သည် အထက် စည်းမှနေ၍ ဆက်ဆံခြင်းများ ဆောင်ရွက်မည်ကို စိုးရိမ်ပူပန်စရာ မလိုတော့ပါ။ ဆိုလိုသည်မှာ ဖြစ်နိုင်ချေ (၄က) နှင့် (၄ခ-၂) ကို တန်းတူအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် ထည့်သွင်းစဥ်းစာနိုင်မည် ဖြစ်သည်။

 ပါတီငယ်များ ဖွဲ့စည်းဆောင်ရွက်ရေးကိစ္စ၏ အားနည်းချက်မှာ ဒေသဆိုင်ရာ ကိုယ်စား လှယ်တို့ ၏ ကျင့်ဝတ်နှင့် အရည်အချင်းများသည် စံနှုန်းပြည့်မှီခြင်းဟူသော ချွန့်ယွင်းချက် များ ရှိနိုင်ပါလိမ့်မည်။ ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းတွင် လူတစ်စုအနေဖြင့် တစ်ယောက်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြင့် မကောင်းသောအကြံ အ မြောက်အများကို ၀ယ်ယူနိုင်သည်။

ယခုအခါ Microsoft ကဲ့သို့သောကုမ္ပဏီများ သည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး နည်းစနစ် ISO 37001  (အင်တာနတ်တွင် လေ့လာနှိင်ပါသည်) ကျင့်သုံးနေပြီဖြစ်သည် ။ ဤနည်း စနစ်များကိုအခြေခံပြီး ညွန်ပေါင်းအဖွဲ့များ၏ လိုအပ်ချက်များနှင့် လိုက်လျှောညီထွေမှု ကိုက်ညီ သောစနစ် တစ်ခုဖြစ်အောင် ဖော်ဆောင်ရန် မခက်ခဲပါ။ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မှီ မလိုလားဖွယ် ကိစ္စရပ်များစွာကို လျှော့နည်းသွားစေလိမ့်မည်ဟု ယူဆပါသည်။ နောက်ထပ် အရေးကြီးသော စိန် ခေါ်မှုတစ်ခုမှာ ထိရောက်သော ပါတီအတန်းခေါင်းဆောင် (party whip)ကို ရှာဖွေ ခြင်းဖြစ်သည်။ အပြုသဘောဆောင်သော အကျင့်စာရိတ္တရှိသူသည် ၎င်း၏ လုပ်ဖော် ကိုင်ဘက်များအား အဘယ်ကြောင့် သူတို့တတွေ အတူတကွရှိနေရသည့် အကြောင်းရင်းများကို အမြဲတမ်းသတိပေးလျှက် မြန်မာနိုင်ငံနှင့် လူမျိုးအတွက် တိုက်ပွဲဆင်နွဲရန်ပင် ဖြစ်သည်။

ဒေသန္တရအစိုးရ အကြောင်း၊ လူထုပူးပေါင်းပါဝင်မှု အကြောင်း စသဖြင့် စိတ်ဝင်စားသော (အစိုးရ မဟုတ်သောအဖွဲ့အစည်း) NGO (ပြည်တွင်းနှင့်နိုင်ငံတကာ)အဖွဲ့များ မြန်မာနိုင်ငံ အတွင်း၌ ရှိကြသည်။၎င်းတို့အနေဖြင့် အထက်ဖော်ပြပါ မဟာဗျူဟာများ၊ နည်း ဗျူဟာများ၏ စီမံကိန်းရေဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်နှိင်စွမ်း ရှိလိမ့် မည်။ ၎င်းတို့ကဲ့သို့သော အဖွဲ့များအတွက် ISO 37001၏ သတ်မှတ်ချက်များကို လိုက်နာ၍ Cyber System ကိုအသုံးပြု၍သော်လည်းကောင်း (သို့မဟုတ်) မြန်မာ နိုင်ငံ၏ အကောင်းဆုံးဖြစ်သော “ ပညာရှင်အဖွဲ့ ” (Think Tank) အဖွဲ့များ၏ ပံ့ပိုး မှုအားဖြင့်သော်လည်းကောင်း အကောင်အထည် ဖော်ဆောင်နှိင်ရန် မခဲရင်းလှပေ။

နောက်လာမည့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံကို နောက်ဆုံးဗာမာဘုရင်များ အုပ်ချုပ် သောခေတ်သို့ နောက်ပြန်ဆုတ်သွားမည်လော။ နောက်ဆုံးဗမာဘုရင်သည် နန်း တော်၏ အနောက်ဘက်တံခါးမှ နှင်ထုတ်ခြင်းခံခဲ့ရပြီး အဆိုပါတံခါးသည်  ပုံမှန် အားဖြင့် အလောင်းများကို ဖယ်ထုတ်ရန်အတွက်သာ ဖြစ်ပါသည်။ ဤ ၁၅ နှစ်  အတွင်း လက်ရှိ သမ္မတ သည် မြန်မာနှိင်ငံ၏ နောက်ဆုံးသောသမ္မတအဖြစ် ပျောက်ကွယ်သွားမည်ကို မမြင်ပါ။ သို့သော် အကယ်၍ကြီးမားသော နိုင်ငံခြားချေး ငွေများကို ထိန်းချုပ်မှုမရှိဘဲ အကြွေးများ ပြန်မဆပ် နိုင်ခဲ့လျှင် အခြေခံအားဖြင့် အဆိုပါသမ္မတသည် အသေးအဖွဲလူတစ်စု၏ ခေါင်းဆောင်သာ ဖြစ်ပေ လိမ့်မည်။

စဥ်းစားဉာဏ်ရှိသော မြန်မာပြည်သူလူထုများ စောင့်ကြည့်နေကြသည်၊ စစ်တပ် အသိုင်း အဝိုင်းကလည်း စောင့်ကြည့်နေကြသည်၊ တိုင်းရင်းသားများလည်း စောင့်ကြည့်နေကြသည်၊ တစ်နေ့လုပ်မှတစ်နေ့စားရသော ဆင်းရဲသားများ စောင့်ကြည့်နေကြသည်၊ မှန်ကန်သော ဥပဒေ စိုးမိုးရေးများ ဖြစ်စေခြင်သော တရားမျှတမှုဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သူများလည်း စောင့်ကြည့်နေကြသည်၊ မြန်မာနိုင်ငံ၏အချုပ်အခြာအာ ဏာကို ဂရုစိုက်တဲ့သူများလည်း စောင့်ကြည့်နေကြသည်၊ မြန်မာနိုင်ငံကို စိတ်ဝင် စားနေသော နိုင်ငံတကာအဖွဲ့များကလည်း စောင့်ကြည့်နေကြသည်၊ စိတ်ဓါတ် ရေးရာပိုင်းတွင် အပြုသဘောဆောင်သော ခံစားမှုရှိသူများ ကလည်း စောင့်ကြည့် နေကြသည်၊ တိုးတက်ဖွံ့ဖြိုးပြီး လူသားဆန်ပြီး တိုင်းပြည်မှာ ကြီးပြင်းနိုင်ရန်အ တွက် စိတ်၀င်စားသော ကျောင်းသားများလည်း စောင့်ကြည့်နေကြသည်၊ ၂၀၂၀ ရွေးကောက်ပွဲပြီးဆုံးပြီး နောက်ပိုင်းတွင် အမျှော်အမြင်လုံးဝမရှိသော သို့မဟုတ် တရားမျှတမှုမရှိသော ဒီမိုကရေစီ အစိုးရဟုခေါ်သည့် အစိုးရ၏အာဏာ ကျဆင်း သွားမလား ဆိုသည်ကိုလည်း စောင့်ကြည့်နေကြသည်။

၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုများအနေဖြင့် အလွန်အရေးကြီးသည့် လမ်းဆုံ လမ်းခွ၌ ရောက်ရှိနေကြောင်းကို အပြည့်အဝသတိထားသင့်ပါသည်။ သမာဓိ တရားရှိသောလူမျိုးနှင့်တိုင်းပြည် ဖြစ်သင့်၊ မဖြစ်သင့်အတွက် အလေးအနတ် ထားပြီး စဥ်းစားရန် လိုအပ်ပါသည်။ အမျိုးသားရေးဆန္ဒနှင့် ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ကြီးထွားမှုအတွက် လိုအပ်သည့်ဖြစ်စဥ်နှင့် မှန်ကန်သောစိတ်ဓာက်  အ မှန်တကယ် ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ အတူတကွလုပ်ဆောင်ကြပါစို့။ When the National Will and the Spirit Requisite for the Growth of  Civilization  become real to be so, we will be together to make it happen. ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖြစ်လာနှိင် ပါမလား။ Will that be in 2020?