Submitted by Aung San U on Thu, 09/03/2020 - 15:46
PDF download ဖတ်ရှုနိုင်ပါသည် ။

၁၉၄၈ ခုနှစ်လွတ်လပ်ရေးမတိုင်မီနှင့်အပြီးတွင် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၏ သမိုင်းကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။ ကျွန်ုပ်သည် ဥပဒေရေးရာကျွမ်းကျင်သူ မဟုတ် သော်လည်း အောက်ဖော်ပြပါဆောင်းပါးသည် အများပြည်သူလူထုဖက်ရှု လေ့လာ နိုင်ရန်အတွက် ရေးသားထားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် ၎င်း၏ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ယင်းတို့၏ အခြေခံပညာရေးကျောင်းစနစ်တွင် သင်ကြားပေး သကဲ့သို့၊ မြန်မာနိုင်ငံသည်လည်း မိမိ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သော အခြေခံအသိပညာဗဟုသုတများကို အများပြည်သူ များသိရှိနားလည်သဘော ပေါက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ပညာရေးကျောင်းစနစ်ထဲ၌ မဖြစ်မနေ သင် ကြားသင့်သည်။ ယခုကျွန်တော် ရေးသားဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပိုင်းဆိုင်ရာဆောင်းပါးသည် အမေရိကန်စာသင်ကျောင်းများ၌ သင်ကြားပို့ချ ပေးသည့် အရာများထက်နည်းပါးသော်လည်း လာမည့် ၂၀၂၀ နိုဝင်ဘာ ရွေး ကောက်ပွဲအတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်တွင်  လုံလောက်သော နားလည်မှုများကို ရရှိနိုင်သည်။

လွတ်လပ်ရေးရပြီး နှစ်၂၀ အကြာတွင်  အဓိကပါတီဖြစ်သော ဖဆပလ AFPFL (Anti-Fascist People's Freedom League ဖဆပလဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး မဟာမိတ်)၊ နိုင်ငံရေးနှင့်အစိုးရစနစ်ပင်မကဘဲ  မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပင် နည်းလမ်းများစွာဖြင့် ဖျက်ဆီးခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဝန်ကြီးချုပ် ဦးနု၏ လက်ထဲ၌ပင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ စည်းလုံး ညီညွှတ်မူကွဲပြားခြင်းများနှင့်ပျက်စီးမူများ ဖြစ်ပေါ်လာခဲ့သည်။ အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် လူဦးရေသိပ်တည်းခြင်းပြဿနာမရှိ၊ စီးပွားရေးနှင့်ပညာရေး ဆိုင်ရာတွင်လည်း အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝ အရင်းအမြစ် ကြွယ်ဝချမ်းသာသည့်နိုင်ငံဖြစ်သော်ငြားလည်း IQs ဉာဏ်ရည်မြင့်မားပြီး ကောင်း မွန်စွာလေ့ကျင့်သင်ကြားနိုင်သော မြန်မာပြည်သူလူထုများများ၏ ‌ရှေ့ရေးသည် အမှိုတ်ပုံထဲသို့ လုံးလုံးရောက်ရှိခဲ့သည်။

လွတ်လပ်ရေးမတိုင်မီ အရေးကြီးဆုံးအမျိုးသားညီလာခံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဥပဒေလိုအပ်ချက်များကို သတ်မှတ်ရာတွင် ကူညီရန်ဖြစ်သော်လည်း သိသာထင် ရှားသည့်အချက်မှာ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ကျင်းပခဲ့သော ပင်လုံညီ လာခံ  (ဗဟိုအစိုးရနှင့်ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ အစိုးရများအကြား ဆက် ဆံရေး) ဖြစ်သည်။ ၎င်း၏အဓိကရည်ရွယ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဥပဒေကို ပြည့်ပြည့်၀၀ အဓိပ္ပာယ်ဖွင့်ဆိုရန် မဟုတ်‌ပေ။ နယ်စပ်ဒေသ ဗမာလူမျိုး မဟုတ်သည့် တိုင်းရင်းသား အုပ်စုများသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး ရနေသောဗမာလူမျိုးများနှင့် အတူတူ ပေါင်းနေမည်လော? သို့မဟုတ် ကိုလိုနီနယ် ချဲ့အုပ်ချုပ်မှုအောက်တွင် ဆက်လက်နေမည်လော? ဟူသော   ပြည်ထောင်စုအ တွက် သဘောတူညီချက်များကို ဆုံးဖြတ်ခဲ့ကြသည်။ ဆိုလိုသည်မှာ အလွန် အရေးကြီးသည့် ဦးစားပေးအချက်မှာ လာမည့်ပြည်ထောင်စု အစိုးရသစ်အား ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရန်ပင်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းလုံးရှိ ဆိုးဝါးသော လူမျိုးတုံးသတ်ဖြတ်မှု ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဗြိတိသျှ စစ်တပ်၏မန်နေဂျာများ ([1]Lord Louis Mountbatten, အုပ်ချုပ်ရေးမှူး Hubert Lance) သည် မြန်မာပြည်သူများအား မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဆုံးဖြတ်ရန် အမှန်တကယ် ရည်ရွယ်ခွင့်ပြုပေးခဲ့ကြသည်။ ဗြိတိသျှကိုလိုနီအပေါ် သစ္စာစောင့် သည်ထားသော အင်ပါယာ သစ္စာခံများ ရှိနေခြင်းကြောင့် ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ မြန်မာနိုင်ငံ၏ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ လုပ်ကြံမှုတွင် ပါဝင်ခဲ့သည်။

 
Video file
 

တစ်ချိန်က ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ ဗြိတိသျှအစိုးရ၏ကြိုဆိုခြင်းကိုခံခဲ့ရသည့် AFPFL (ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့) ဒုဥက္ကဌဖြစ်သူ ဦးနုသည် ဗိုလ်ချုပ် အောင်ဆန်းသမ္မတဖြစ်ချိန်က ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဦးနု၏ ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုများကြောင့် မဟုတ်ဘဲ မတော်တဆ ဝန်ကြီးချုပ် ဖြစ်ခဲ့ရခြင်းဖြစ်သည် (Guardian Sein Win ၏စာအုပ်၊ 'The Split', 1959) ။ ထိုအချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၀န်ကြီးချုပ်အား အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံးခေါင်းဆောင်အဖြစ် လည်းကောင်း၊ သမ္မတအား နိုင်ငံ့ခေါင်း ဆောင်အဖြစ် လည်းကောင်း  ခန့်အပ်ခဲ့သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်း ကာလအတွင်း ၀န်ကြီးချုပ်၏ ရာထူးအာဏာ ခေတ္တ ရပ်ဆိုင်းချိန်တွင်  သူသည်အုပ်ချုပ်ရေးအာဏာကို ဆက်လက်၍ ယာယီကျင့်သုံး နိုင်ခဲ့ သည်။ ကိုရီးယားစစ်ပွဲ ကြောင့် ဆန်တင်ပို့မှုအား သိသိသာသာတိုးမြှင့်စေခဲ့ပြီး စီးပွားရေးတိုးတက်လာခဲ့သည်။ ဦးနု အစိုးရတွင် အားနည်းချက်များစွာရှိခဲ့၏။ အများသောအားဖြင့် ၀န်ကြီးချုပ်ကိုယ်တိုင် ဖြစ်စေ လိုသော ဆန္ဒများနှင့်သာ ဆက် စပ်နေသည်။ အထူးသဖြင့် ဦးနုသည် ဒုတိယသက်တမ်း (အမှန်တကယ်တွင် သူသည် ၁၁ နှစ် နီးပါးခန့် အာဏာချုပ်ကိုင် ထားခဲ့သည်)  တာဝန် ထမ်းဆောင်ခဲ့သည့်အချိန်တွင် သဘောသဘာဝအရ ဝန်ကြီးချုပ်တာဝန်ကို အလှည့်ကျ ထမ်းဆောင်ရမည့်အစား ဦးနုမှဆက်လက်ချုပ် ကိုင်ထားခြင်းသည် သူ၏အဓိက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအတွက် ကောင်းသောအလားအလာ မဟုတ်ခြင်း ကြောင့် ၁၉၅၇ ခုနှစ်တွင် ယင်းအာဏာရ ပါတီသည် နှစ်ခြမ်းခွဲသွား ခဲ့ရလေသည်။ ၁၉၅၉ ခုနှစ်ဒုတိယနှစ်ဝက်တွင် အမည်ကျော်ကြားသော သတင်းစာ စာရေးဆရာ ဂါးဒီးယန်းစိန်ဝင်း Guardian Sein Win (bio; Wiki) မှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေသော “Split” ဟုခေါ်သည့် စာအုပ်သည် ဤအဖြစ်အပျက်ကို မှတ်တမ်းတင်ရေးသားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ဖြစ်ပေါ်နေ သောကြောင့် နိုင်ငံတော်အာဏာကို သမ္မတအား လွှဲပြောင်းပေး သင့်သည့်အချိန်၌ ဦးနုသည် အာဏာကို ဆက်လက်ကိုင်စွဲထားရန် ကတိသစ္စာပြုခဲ့သည်။ ဦးနု၏ ဝန်ကြီးချုပ်ရာထူအပေါ် ရှုးသွပ်ဆွဲလမ်းတပ်မတ်မူ တို့ကြောင့် အာဏာရပါတီ ဖြစ်သော AFPFL (ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့)  နှစ်ခြမ်း ပြိုကွဲစေခဲ့ရသည်။ ဤသို့ဖြင့် ဒီမိုကရေစီနိုင်ငံအတွက် နိုင်ငံတော်၏နိုင်ငံရေး လုံခြုံမှုကွန်ယက် ပျောက်ကွယ်သွားခဲ့ ရလေသည်။

ဦးနု၏နိုင်ငံရေးနည်းဗျူဟာများထဲမှတစ်ခုမှာ လူများစုဖြစ်သော တိုင်းရင်းသား ဗမာတို့ ၏ မဲကို ရရှိနိုင်ရန် နိုင်ငံရေးမဟာဗျူဟာအဖြစ် ဗုဒ္ဓဘာသာကို အသုံးချခဲ့ သူလည်းဖြစ် သည်။ ဗုဒ္ဓဘာသာဝင် မဟုတ်သော တိုင်းရင်းသားများ ပါဝင်ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ယုတ်လျော့အောင်လုပ်ဆောင် သည်ဟု ပြောဆိုဝေဖန်မှုများကိုလည်း ဦးနုက ဂရုမစိုက်ပါ။ ဦးနုသည် အရေး မပါသူဖြစ်၍ ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ် ချုပ်ဆိုရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိ။ ဘာသာရေး စွက်ဖက်ပါဝင်သော နိုင်ငံဖြစ်လာခြင်းကိုလည်း သာမန် ဗမာမဲဆန္ဒရှင်အနေဖြင့် စိတ်ဝင်စားမှုမရှိပါ။ မည်သို့ပင်ဖြစ်စေကာမူ ၁၉၆၁ ခုနှစ် အထွေထွေရွေးကောက် ပွဲမှ အနိုင်ရလာသောအခါ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ဦးနုက တရားဝင်ကြေငြာခဲ့သည်။ ထိုစဥ် ပြည်ထောင်စုအပေါ်သစ္စာအရှိဆုံးအဖွဲ့ဖြစ်သည့် ကချင်လူမျိုး များသည် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီဟု ရုတ်တရက် ကြေငြာခဲ့ရာမှ   ပြည်ထောင်စုမြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုသည် ထိုအချိန်၌ပင် စတင်ပြိုလဲ သွားခဲ့ရသည်။

မကြာမီပင် အုပ်ချုပ်မှုအပိုင်း၌ ကျွမ်းကျင်မူချို့ယွင်းသောဦးနုသည် မိမိ၏နိုင်ငံရေးပါတီမှ လက်တွဲ ဖော်များနှင့်အတူ မဖြေရှင်းနိုင်သော ပြဿနာများကို ကြုံတွေ့ခဲ့ရာမှ ခိုင်လုံသော အကြောင်းပြချက်ပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာသိမ်းယူ စေခဲ့သည်။

၁၉၆၂ မှ ၁၉၈၈ တိုင် ဦးနေဝင်းသည် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တစ်ဦးဖြစ်ခဲ့သည်။ အောက်ပါ စာပိုဒ်သည် Wikipedia မှကောက်ယူထားခြင်းဖြစ်ပါသည်။

  • ဦးနေဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) ကိုတည်ထောင်ခဲ့ပြီး ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုတွင် ဦးနု၏ဒီမိုကရက်တစ်ညွန့်ပေါင်းပါလီမန်ကို ဖြုတ်ချကာ မြန်မာနိုင်ငံကို ဆိုရှယ်လစ်ဝါဒ၏လမ်းစဉ်အောက်တွင် တစ်ပါတီ ဆိုရှယ်လစ် နိုင်ငံတော်အဖြစ် တည်ထောင်ခဲ့သည်။ စစ်အာဏာရှင် ဗိုလ်ချုပ် ကြီးနေဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP) ၏ ဥက္ကဌ အဖြစ်တဝန်ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရ၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း တရားဝင်ရာထူးများရယူပြီး တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့သည်။ သူ၏ အုပ်ချုပ်မှုစနစ်မှာ ခွဲခြားဆက်ဆံမှုမူဝါဒ၊ နိုင်ငံရေးအကြမ်းဖက်မှု၊ လူမျိုးရေး မုန်းတီးမှု၊ အာဏာရှင်ဆန်မှု နှင့် စီးပွားရေး ပြိုလဲစေမူ စသည့် မကောင်းသောလက္ခဏာများဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအညံ့ဆုံး နိုင်ငံများ စရင်းထဲသို့ ကျရောက်အောင် တွန်းချလိုက်လေသည်။

ဦးနေဝင်းသည် တိုင်းပြည်ကို လုံးလုံးဖျက်ဆီးပစ်ခဲ့သည်။ စာနယ်မဂ္ဂဇင်းလွတ်လပ်ခွင့် ဖျက်စီး ခံရခြင်း၊ စီးပွားရေးဖျက်စီးခံရခြင်း၊ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းစိတ်ဓာတ် များအားဖယ်ရှားပစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကျန်တဲ့အပိုင်းများသည်လည်း ဖျက်စီးခံရခြင်းနှင့် ဒီမိုကရေစီအစိုးရမရှိသော ပြည်ထောင်စုမြန်မာနိုင်ငံသည် လုံးဝ ပျက်စီးခြင်း ခံခဲ့ရသည်။သူနှင့်သဘောထားခြင်းမတူသော မည်သူ့ကို မဆို နှစ်ရှည်ထောင်ချခြင်း၊ သူ၏ ခွဲခြားဆက်ဆံမှု မူဝါဒသည်လည်း မိမိနှင့်သ ဘောထားမတူသောသူများကို (ကျွန်ုပ်ကဲ့သို့) ပိတ်ပင်တားမြစ်ခြင်းနှင့် သူ၏ လက်အောက်ငယ်သားများမှ မှားယွင်းသောနည်းစနှစ်ဖြင့် တိုင်းပြည်ကို ဆက်လတ်အုပ်ချုပ်နိုင်ရန် ယဉ်ကျေးမှုနှင့်အကျင့်စာရိတ္တပျက်ပြာမှု(Culture Disorders) များအား အစွမ်းကုန်ဖန်တီးပြုလုပ်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်စတင်မိတ်ဆက်ခဲ့သည်။ ကျွန်တော် တို့အတွက် ဘာအကျိုးအမြတ်မှမရှိသောကြောင့် စိတ်ဝင်စားစရာမကောင်းခဲ့ပေ။ မအောင်မြင်သောဒီမိုကရေစီကြောင့် တိုင်းပြည်ပျက်စီးခဲ့ရလေသည်။ ဤသို့ ကြေကွဲဖွယ် အုပ်ချုပ်မှုသည် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ရပြီး ပြည်သူလူထုများသည် ပြင်းထန်သော ဆင်းရဲနွမ်းပါးမှုများအား ပိုမိုခံစားခဲ့ရသည်နှင့်အမျှ အစိုးရသည် လည်း အာဏာထိန်းချုပ်မှုကို ဆက်လတ်ချုပ်ကိုင်ထိန်းသိမ်းထားနိုင်ရန် ဆထက် ပိုမိုရက်စက် ကြမ်းကြုတ်လာခဲ့သည်။ ကျွန်တော့်၏ “တန်ဖိုးရှိသော ဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) အပိုင်း (၁) ” ဆောင်းပါးကို Social media အချို့တွင် ဖက်ရှုပါ။ အောက်ဖော်ပြပါ စာပိုဒ်များကို ဝီကီပီးဒီးယား Wikipedia မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်

  • ၁၉၈၈ ခုနှစ် သြဂုတ်လတွင် ၈၈၈၈ အရေးတော်ပုံ (သို့) ၈၈ အ‌ရေးခင်း ဖြစ်ပေါ်ခဲ့ရာ ပြည်သူ့ဒီမိုကရက်တစ် လှုပ်ရှားမှုနှင့် လူထုအုံကြွမှုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ဆိုင်ရာ ဆန္ဒပြမှုများနှင့် ပြည်တွင်းမငြိမ်သက်မှုများ ဖြစ်စေခဲ့ပြီး၊ ပြည်တွင်းပရိပက္ခများ သည်လည်း အထွတ်အထိပ်သို့ ရောက်လာ ခဲ့ရသည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်၌ ကျောင်းသား များက ၈၈၈၈ အရေးအခင်းကို စတင်ခဲ့ပြီး၊ ကျောင်းသား ဆန္ဒပြမှုများသည် နိုင်ငံတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည်။ ကလေးငယ်များ၊ တက္ကသိုလ် ကျောင်းသား များ၊ အိမ်ရှင်မများ၊ ဆရာဝန်များနှင့် သိန်းနှင့်ချီသော ပြည်သူလူထုတို့သည် အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးကောင်စီ (န.ဝ.တ) ၏ သွေးထွက်သံယို အာဏာသိမ်းမှု ကြောင့် စက်တင်ဘာ ၁၈ ရက်တွင် လူထုအုံကြွမှုသည်လည်း အသံတိတ် အဆုံးသတ် သွားခဲ့ရသည်။ ဆူပူအုံကြွမှု အတွင်း စစ်တပ်၏ပစ်ခတ်နှိမ့်နှင်းမူတို့ကြောင့် ထောင်ပေါင်းများစွာသော ပြည်သူလူထုသေဆုံးမှုများ ဖြစ်ပွားခဲ့ရသည်ကို မြန်မာ အာဏာပိုင် အစိုးရများကမူ ၃၅၀ လောက်သာသေဆုံးခဲ့ရသည်ဟု ပြောကြားခဲ့ ရသည်။

နဝတအစိုးရ၏ ပထမဦးဆုံးမူဝါဒပြောင်းလဲခြင်းသည် ဆိုရှယ်လစ်စီးပွားရေးပေါ်လစီကို နေ့ချင်း ညချင်းစွန့်လွှတ်ခဲ့ပြီး၊ စျေးကွက်စီးပွားရေးပုံစံစနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြင့် စစ်ဗိုလ်ချုပ် များနှင့်၎င်းတို့၏ ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်ခရိုနီများ၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏သဘာဝသယံဇာတများကို  လွတ်လပ်စွာ ‌ရောင်းချခြင်းဖြင့် သန်းကြွယ်သူဌေးများ ပေါက်ဖွားလာခဲ့ကြသည်။ ထိုခေတ်ကာ လ၏ အလေ့အထများသည် ဥပဒေအထက်တွင်ဖြစ်စေ၊ ဥပဒေအောက်တွင် ဖြစ် စေ (မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ကျောက်မျက်ရတနာမှောင်ခို ရောင်း ဝယ်ခြင်း၊ မြေယာပိုင်ဆိုင်မှုများ သိမ်းယူခြင်း စသည်ဖြင့်) ၎င်းတို့၏ အကျိုးအမြတ် အတွက်သာ လုပ်ကိုင်ခဲ့ကြသည်။ သို့သော်၎င်းတို့အနေနှင့် နိုင်ငံတကာအပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်နိုင်ရန်အတွက် စီးပွားလုပ်ငန်းဖြစ်နိုင် ချေရှိသော နိုင်ငံတကာ ကုန်သွယ်မူ မိတ်ဖက်နိုင်ငံများမှ နိုင်ငံတကာကုန်သွယ်ရေး ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာကျင့်ရန် တောင်းဆို လာခဲ့သည်။ နောက်ထပ်အရေးကြီးဆုံးသော လိုအပ်ချက်မှာ တရားဥပဒေ စိုးမိုးရေးနှင့် အရေးတကြီးသက်ဆိုင်သော ဒီမိုကရေစီ အရပ်သား အစိုးရသစ်အား အလေးပေးတည်ထောင်ရန်ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်း၏ အဓိကပြဿနာ မှာ (မှားယွင်းစွာ)ချုပ်ကိုင်အုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များ၏ အတွေးအခေါ် အမျှော်အမြင် များကို ပြုပြင်ပြောင်းလဲရမည့် စိန်ခေါ်မူကြီး ပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့၏စီးပွါးရေး လုပ်ပုံကိုင်ပုံ နည်းလမ်းများအား မပြောင်းလဲပါက နိုင်ငံတကာ ကုန်သွယ်ရေး ပိတ်ဆို့မှုများနှင့်သာ ဆက်လတ်ရင်ဆိုင်နေရလိမ့်မည် ဖြစ်သည်။

၂၀၀၂ ခုနှစ် နေဝင်းကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အကြီးအကဲဖြစ်လာခဲ့သည်။ သူသည် စီးပွားရေးအင်အားကြီး နိုင်ငံများမှ ချမှတ်ထားသော ကုန်သွယ်ရေးပိတ်ဆို့မှုများကို ပယ်ဖျက်နိုင်ရန် အတွက်  ဒီမိုကရက်တစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရစနစ်သစ် တစ်ခုကို ဖန်တီးရန် လိုအပ်နေသည့်အပြင်၊  ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အရ တိုင်းပြည်အတွင်း လူ့အခွင့်အရေးကင်းမဲ့နေခြင်း စသည့် အကြောင်း ပြချက်များ ကြောင့် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား “ ပြည်သူ လူထု မှအတည်ပြုပေးရန်နှင့်ထောက်ခံရန်” အတွက် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။ ထို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၏ အားသာချက်များနှင့်အားနည်းချက်များကို လေ့လာခြင်းမပြုမှီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအောက်တွင်ဖော်ပြထားသည်

Wikipedia မှ‌ ကောက်နုတ်ချက်

  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေသည် အုပ်ချုပ်ရေး၊ ပါလီမန်သို့မဟုတ် ဥပဒေပြုလွှတ်တော်နှင့်တရားစီရင်ရေးစနစ်အား ပြည်နယ်အတွင်းရှိ ဌာနများ ၏အခန်းကဏ္ဍများ၊ လုပ်ပိုင်ခွင့်များနှင့်ဖွဲ့စည်းပုံများကို သတ်မှတ်ပေးသော ဥပဒေပြုအဖွဲ့များ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ ကဲ့သို့ သောဖယ်ဒရယ်နိုင်ငံ နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့် များနှင့် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများအကြားဆက်ဆံရေး။
  • နိုင်ငံတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းထားခြင်း မပြုပါ။ သို့သော် ထိုနိုင်ငံများအားလုံးတွင် တရားဝင်အသိုင်းအဝိုင်းများ သို့မဟုတ် မြေယာ ဥပဒေများ၊ အလွန်အရေးကြီးသည့် ကဏ္ဍများနှင့်စေ့စပ်ညှိနှိုင်းမှု စည်းမျဉ်း စည်းကမ်းများ ရှိနိုင်ကြပြီး [2]ဓလေ့ထုံးတမ်းဥပဒေ၊ တရားရုံးဥပဒေ၊ ပြဌာန်း ထားသောဥပဒေ၊ တရားသူကြီးများချမှတ်ထားသောဥပဒေ သို့မဟုတ် [3]အပြည် ပြည်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်စံနမူနာများ ပါဝင်နိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥပဒေသည် အစိုးရမှ ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ကျင့်သုံးသော အခြေခံမူများနှင့် သက်ဆိုင်သည်။ အချို့သော ကိစ္စရပ်များတွင် ထိုအခြေခံမူများသည် အစိုးရများအား ပြည်သူ လူထု၏အကျိုးစီးပွားအတွက် အခွန်နှင့်အသုံးစရိတ်ကဲ့သို့သော တိကျသော လုပ်ပိုင်ခွင့်များအား ချပေးထားသည်။ တစ်ခါတစ်ရံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခြေခံမူများ၏အခန်းကဏ္ဍ များသည် အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထိန်းချုပ်ထားရန်ဖြစ်သည်။ ဥပမာ အားဖြင့်၊ အကြောင်းပြချက်မရှိ ဘဲ တစ်စုံတစ်ဦးအား ဖမ်းဆီးခြင်းကို တားမြစ်ခြင်း။
  • နောက်ထပ်အချက်အလက်များလေ့လာနိုင်ရန်အတွက်လင့်ခ်များ -
    1. နိုင်ငံတော်နှင့်ဥပဒေရေးရာဖွဲ့စည်းပုံ
    2. လူ့အခွင့်အရေး
    3. ဥပဒေပြုလုပ်ထုံးလုပ်နည်းများ
    4. ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာသုတေသန
    5. တရားဥပဒေစိုးမိုးရေး
    6. အာဏာခွဲဝေခြင်း

အထက်ပါအကြောင်းအရာနှင့် ပါတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖတ်လိုသော စာဖတ်ပရိတ္တများအနေ့နှင့် Wiki လင့်ခ်ကိုဝင်ရောက်လေ့လာနိုင်သည်။ အလွန် ကောင်းမွန်သော (အချို့ကာတွန်း) YouTube ဗီဒီယိုများစွာလည်းရှိသည်။ ဥပမာ

  [4]ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာအဘယ်နည်း။

 
Video file
 

 

[5]ဖွဲ့စည်းပုံအခြေခံဥပဒေသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။

 
Video file
 

[6]ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သို့ ဖွဲ့စည်းထားပါသနည်း။ တရားဥပဒေစိုးမိုးမှုစသဖြင့် ။

 
Video file
 

ပြည်ထောင်စုမြန်မာနိုင်ငံသည်အမေရိကန်(သို့မဟုတ်)ကနေဒါကဲ့သို့သောဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရှုမြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနိုင်ငံများသည် ပြည်နယ် များစွာဖြင့် ဖွဲ့စည်းထားပြီး ၎င်းပြည်နယ်များတွင်လည်း မတူကွဲပြားသော လူမျိုးစု များစွာ ရှိသည်။ မြန်မာနိုင်ငံ၏ပြည်နယ်များသည် အချုပ်အခြာအာဏာ မရှိသောကြောင့် ဖက်ဒရယ် ပြည်ထောင်စု မဟုတ်ပေ။ ကွန်ဖက်ဒရေးရှင်း Confederation (ဥရောပယူနီယံကဲ့သို့) နှင့် ဖက်ဒရေးရှင်း Federation ၏အဓိပ္ပါယ်ဖွင့်ဆိုမူများကို နားလည်မှု ရောထွေးနေသော ပြည်သူလူထု အချို့များ ရှိကြသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာဥပဒေများသည် အခြေခံအားဖြင့် ပြည်ထောင်စု ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စု အတွက်သာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် တိုင်းပြည်တစ်ခုတည်း အနေဖြင့် ကွန်ဖက်ဒရိတ်အဖြစ် သတ်မှတ်ထားသော နိုင်ငံတစ်ခုမျှမရှိပေ (ဆွစ်ဇာလန် နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က စာရွက်ပေါ်တွင်သာ ပြဌာန်းထားသည့် ကွန်ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ခဲ့ သော်လည်း ယခုအခါတွင် အခြေခံအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု သာဖြစ်သည်) ။ ၁၈၆၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသည် တောင်ပိုင်းကွန်ဖက်ဒရိတ် ဖွဲ့စည်းခြင်းကို နှိမ်နှင်းရန်အတွက် ထောင်ပေါင်း များစွာသော အသက်စတေးခဲ့ ရသော ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ဖူးသည်။

နိုင်ငံတိုင်းတွင်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပေ။ ဥပမာအားဖြင့် သမိုင်းတစ်လျှောက်တွင် ဗြိတိသျှ - ဗြိတိန် ကဲ့သို့ သမိုင်းရှည်လျားသော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် ပင်လျှင် ယင်း၏ အင်ပါယာမတိုင်မီ အာဏာရှိသူများအတွက် ကောင်းမွန်သည့် ဥပဒေများ ရှိခဲ့ပြီး၊ အောက်ခြေအဆင့် လူတန်းစားများ အတွက်လည်း အလွန် ရက်စက်သော ဥပဒေများ ရှိခဲ့သည်။ ယုံကြည်စိတ်ချ ကျေနပ်ရသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် မလွယ်ကူပေ။ နိုင်ငံရေးအရ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲမှုရှိသော အာဏာရှင်နိုင်ငံများသည် ယေဘုယျအားဖြင့် ပြဌာန်း ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုလားပေ။ ပြည်သူလူထုများအနေဖြင့် အမိန့်အားနာခံသည်မှလွဲ၍ ဆန္ဓာထုတ်ဖော်ခွင့် မရှိခဲ့ပေ။  သို့မဟုတ်ပါက အသက် အန္တရာယ်နှင့် ဆင်းရဲနွမ်းပါးမှုစသည့် စိုးရိမ်ဖွယ်ခြိမ်းခြောက်မူ ဖြစ်နိုင်ခြေများ အချိန်တိုကာလအတွင်း လျှင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။ ထိုကဲ့သို့သော အစိုးရများသည် ပညာရေး အဆင့်အတန်း နိမ့်ကျသော တတိယအဆင့် ကမ္ဘာ့ နိုင်ငံများ third world သို့မဟုတ် ပညာရေး အဆင့်အတန်း နိမ့်ပါးသော နိုင်ငံများ ထဲတွင် တည်ရှိလေ့ရှိသည်။ ယခုလို အင်တာနက်ဆက်သွယ်ရေးကွန်ယက် ပျံ့နှံ့နေ သောခေတ်တွင် လူအစုအဝေးများကို သီးခြားခွဲထုတ်ခြင်း နှင့် မကောင်းသော အစိုးရကို တိုက်ခိုက်ဆန့်ကျင်သော ဆန့်ကျင်ရေး လှုပ်ရှားမှုများအား စုစည်းလို့ မရအောင် ပိတ်ပင်တားမြစ်ရန် အလွန်ပင်ခက်ခဲ လှပေသည်။ (တစ်ချိန်တုန်းက နေဝင်းသည် မြန်မာပြည်သူလူထုများအပေါ် ဘာလုပ်ခဲ့သလဲ ဆိုတာ  ပြန်လည် သသိရ စဉ်းစားကြည့်ပါ) ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဌာန်းခြင်း ဖြင့်  ခေတ်မှီတိုးတက်လိုသည့် နိုင်ငံများလည်းရှိကြသည်။ ထိုကဲ့သို့သော နိုင်ငံများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ပ၌ စစ်မှန် သောကမ္ဘာတွင် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ မှန်ဘီရိုထဲ တွင်သာလျှင် သေချာစွာ သော့ခတ်သိမ်းဆည်းထားသည်ကို တွေ့မြင် နိုင်ပါလိမ့် မည်။ (အမေရိကန် သမိုင်း ပညာရှင် John F. Cady ၏ စာအုပ်များမှ အရှေ့တောင် အာရှဆိုင်ရာ အကြောင်း များကို လေ့လာကြည့်ပါ)

ထိုနိုင်ငံများသည် အရေခြုံဟန်ဆောင်သော အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသော်လည်း မိမိနိုင်ငံ၏စီးပွားရေးကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်သဖြင့် ပြည်သူလူထုများလည်း ပြည်ပသို့ လွတ်လပ်စွာသွားလာနိုင်ကြသည်။ ပြည်သူလူထုနှင့် အစိုးရအကြား အဆင်ပြေ ချောမွေ့မှုရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသရွေ့ မည်သည့် စနစ်ဖြင့် အုပ်ချုပ်စေကာမူ နိုင်ငံရေးပြဿနာမဖြစ်နိုင်ပါ။ ဤကမ္ဘာကြီးကို လွှမ်းမိုးဖို့ ကြိုးစားနေသော စူပါအင်အားကြီး နိုင်ငံများရှိကြ၏ ၎င်းတို့သည် ဒီမိုကရေစီအား အလွန်တန်ဖိုးထားကြောင်း ယုံကြည်စေလိုခြင်း နှင့် ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံမူ များသည်လည်း အလွန်ကောင်းပြီး  ဘုရားတစ်စူလို ကိုးကွယ်ရန် လိုအပ်သည် ဟူသော အတွေးများဖြင့် ရိုက်သွင်းပေးစေလိုသည်။ ထို ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် စာရွက်ပေါ်တွင်ကောင်းမွန်စွာ ရှိကောင်းရှိနိုင်သော်လည်း၊ လိုအပ်လျှင် အရာအားလုံးကို လွှမ်းမိုးနိုင်ရန်အတွက် ထို "မြင့်မြတ်သော"  စာရွက်စာတမ်းများ ကို ဘေးသို့ဖယ်ထုတ်ကာ လိုအပ်သလိုလျစ်လျူရှုထားပြီး ထောင်ပေါင်းများစွာ သော ငြင်းဆန်သူများအား သတ်ဖြတ်ကြပြီး ရှေးခေတ်နှစ်ပေါင်းနှစ်ထောင်က ရောမအင်ပါရာများနှင့် မတူခြားနားသော့ပါ။

အထက်ပါစာပိုဒ်များမှာ လက်တွေ့ကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိပ္ပါယ်ကို အတိုချုပ် မိတ်ဆက်ပေးခြင်းဖြစ်သည်။ ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ နှင့်လူမျိုးများ၏ အကျိုးစီးပွားများသာမက ကမ္ဘာမြေကြီး၏ အကျိုးစီးပွားများ ကိုပါ အကျိုးပြု စေသည်။ အသင့်အသင့်ကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာကို ချုပ်ကိုင် ထားသူများ (သို့) သြဇာလွှမ်းမိုးသူများက တစ်ကိုယ် ကောင်းဆန်သောရည်ရွယ်ချက်များဖြင့် ပြုစုဖန်တီးခဲ့ကြသည်။ အာဏာရှင် အစိုးရများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဥပဒေများကို မလိုအပ်ပါ။ ဒီထက်ပိုပြီး ဆိုးဝါးသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုများ အတွက် သာ ပြုစုပေးလိမ့်မည်ဖြစ်သည်။ ယင်းသည် ဝေါ်ဟာရအသုံးနူန်း တိုတောင်းလျှက် အနက်အဓိပ္ပါယ်ကြွယ်ဝလျှက်ရှိပြီး အကယ်၍ အစိုးရဝန်ထမ်းများက ကျင့်ဝတ် ဆိုင်ရာအပြုသဘောဆောင်သော စိတ်ဓာတ်များရှိပြီး ကောင်းမွန်စွာ လုပ်ကိုင်နိုင် လျှင် ၎င်းတို့သည် ပြည်သူလူထုများအပေါ် အကျိုးပြုနိုင်ပြီး ကောင်းကျိုးများစွာ ရရှိစေနိုင်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် မိမိအတွက် လိုအပ်သော ရည်ရွယ်ချက်အချို့ ထားရှိခဲ့သည်။ ပထမဦးဆုံးအချက်အနေဖြင့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် အာဏာရရှိခဲ့သည့် မည်သည့် နိုင်ငံရေးပါတီ ကိုမဆို အရပ်ဖက်ဆိုင်ရာ မငြိမ်မသက်မှုများကို လျှော့ချကာကွယ်သော လုံခြုံရေး နည်းလမ်းများ ရှာဖွေခြင်း၊  ဒုတိယအချက်အနေဖြင့် တစ်ချိန်တည်းမှာပင် ဤ လုံခြုံရေး အစီအစဉ်များသည် အဓိကအားဖြင့် အကြီးတန်းစစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ လက်အောက်ငယ်သားများ၊ ဆွေမျိုးသားချင်းများ နှင့် ခရိုနီများ၏ အကျိုးစီးဖွား များကို အကာအကွယ်ပေးခြင်း၊ တတိယအချက်အနေဖြင့် မည်သည့် အစိုးရပင်ဖြစ်စေ ၎င်းတို့ကို တရားစွဲဆိုလိုပါက  (ဖွဲ့စည်းပုံအခြေခံဥပဒေအရ) တပ်မတော်သည် အကြောင်းပြချက်မလိုအပ်ဘဲ အချိန်မရွှေး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စွန့်လွှတ်ပြီး အာဏာသိမ်းယူပိုင်ခွင့် ရှိသည်။ စတုတ္ထအချက်အနေဖြင့် တရားဥပဒေစိုးမိုးရေးသည် (အရပ်သား) အစိုးရ၏တာဝန် ဖြစ်သည်။ သို့သော် စစ်တပ်ကိုယ်တိုင်က အရပ်သားဥပဒေကို ပယ်ဖျက်ပြီး စစ်တပ်ကို အုပ်ချုပ်ရန် ကိုယ်ပိုင်ဥပဒေများ ရှိသည်။ အကယ်၍ အရပ်ဘက်အစိုးရ ကိုယ်တိုင်က ၎င်းတို့၏ အကျိုးစီးပွားအတွက် ဥပဒေကို ချိုးဖောက်လိုလျှင် စစ်တပ်သည်လည်း အလားတူ ပြုလုပ်နိုင်သည်။ ဤနည်းအားဖြင့် အရပ်ဘက်အစိုးရသည် စစ်တပ်အပေါ် မိမိထက်ပိုမိုမြင့်မားသော လိုလားချက်များကို တောင်းဆို၍ မရနိုင်တော့ပါ။ ကမ္ဘာပေါ်ရှိ အစိုးရများအားလုံးသည် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရမည် ဖြစ်သည်။ အစိုးရ၏ အကြီးအကဲများသည်  ဥပဒေကို လိုက်နာရန် တာဝန်ရှိ သော်လည်း လက်တွေ့ကမ္ဘာတွင် အကျင့်ပျက်ခြစားမှုများစွာ ဖြစ်ပွားနေသည်ကို တွေ့ရှိလေ့ရှိသည်။

အထက်လွှတ်တော်နှင့်အောက်လွှတ်တော်နှစ်ခုရှိ အဆိုပါ လွှတ်တော်နှစ်ခုစလုံးထဲတွင် တပ်မ တော်သည် ၂၅% စီ ကိုယ်စားပြုထားသည်။ လွှတ်တော်တွင် ဆန္ဒမဲ၏ ၇၅% အထက်ရမှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်မည်ဖြစ်ပါသည်။ ဆိုလို သည်မှာ တပ်မတော်အနေဖြင့် မလိုလားသော မည်သည့်ဥပဒေကြမ်းမဆို အချိန်မရွှေး ပယ်ဖျက်စေနိုင် သည်။ အမှန်တကယ်တော့ ဗီတိုveto အာဏာပိုင်ခွင့် ရှိနေခြင်းပင် ဖြစ်သည်။ယင်းစနစ်သည် တစ်စိတ်တစ်ပိုင်း ရွေးကောက်တင်မြှောက် ထားသည့် ကိုယ်စားပြုမှုများပါဝင်သောကြောင့် ပြီးပြည့်စုံသောဒီမိုကရေစီ မဟုတ် ကြောင်း အငြင်းပွားဖွယ်များဖြစ်နိုင်သည်။ မှန်ပါသည်၊ သို့သော် ဘရာဇီးနိုင်ငံသည် ၂၁ နှစ်ခန့်ကြာ စစ်တပ်အုပ်ချုပ်ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် အရပ်သားအစိုးရသို့ နိုင်ငံရေးအာဏာ ပြန်လည်လွှဲပြောင်းပေးချိန်တွင် ထိုစဉ်က အနောက်တိုင်း အင်အားကြီးနိုင်ငံများသည် ၂၅% အုပ်ချုပ်မှုကိုလက်ခံခဲ့ကြသည်။ နိုင်ငံအုပ် ချုပ်ရေးထဲသို့ ဝင်လာသည့် အာဏာရအရပ်သားအစိုးရသည် အောင်မြင်စွာ အုပ်ချုပ်နိုင်ခဲ့ပြီးနောက်တွင် စစ်တပ်သည်လည်း ၂၅% ကိုစွန့်လွှတ်ခဲ့သည့် ဖြစ်ရပ် မှန် ဖြစ်ခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မိမိနှင့်သူငယ်ချင်းများ၏ကိုယ်စား ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တင်းကျပ်ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တပ်မတော်၊ ရဲ၊ နယ်စပ်လုံခြုံရေး၊ လက်နက်ကိုင်ဆောင်ထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်။ အစိုးရသည် အရပ်ဘက် ဒီမိုကရေစီ သက်သက်သာမဟုတ်ဘဲ၊ စစ်တပ် နှင့် အရပ်ဘက် အုပ်ချုပ်မှု ရောထွေးထားသော ဒီမိုကရေစီအစိုးရသာ ဖြစ်လိမ့်မည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲအတွက်ပြင်ဆင်ခဲ့ပြီး ဗိုလ်ချုပ်ကြီး သိန်းစိန်ကို သမ္မတအဖြစ် (၅ နှစ် သက်တမ်း) အောင်မြင်စွာရွေးကောက်တင်မြှောက်ခဲ့သည်။ ၁၉၄၈ အခြေခံ ဥပဒေ နှင့်မတူဘဲ သမ္မတသည် အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သည်။ (ဝန်ကြီးချုပ် မရှိပါ)

တပ်မတော်၏ ရှေ့ပြေးဖြစ်သော ဦးသိန်းစိန်၏အမည်ခံဒီမိုကရေစီအား ပါလီမန်စနစ်ကို စတင် စမ်းသပ်မောင်းနှင်ခွင့် ပေးခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ဆောင်မှု များသည် အောင်မြင်မှုအနည်းငယ် ရရှိခဲ့သည်။ မီဒီယာလွတ်လပ်ခွင့်သည်လည်း ယခင်ကထက် အနည်းငယ်ပိုမိုကောင်းမွန်လာသောကြောင့် တဖြည်းဖြည်းနှင့် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရွေ့လျားလာခဲ့သည်။ သို့သော် တရားဥပဒေ စိုးမိုးရေး၌ လုံးဝတိုးတက်ခြင်းမရှိသေးပေ။ (အစားထိုးမရသောသဘာဝ သယံ ဇာတများ ကုန်ဆုံးသွားသည် မှလွဲ၍) အခွင့်အလမ်းတစ်ခုခု ပေါ်ပေါက်လာသည် နှင့်အမျှ ၎င်း၏ခရိုနီများနှင့်နောက်လိုက်များသည် ကိုယ်ကျိုးစီးပွား အကျိုးအမြတ် ရရှိရေးအတွက် ဥပဒေများကို ချိုးဖောက်ခဲ့ကြသည်။ ကျွန်တော့်၏ “တန်ဖိုးရှိသော ဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) အပိုင်း (၂) ” ဆောင်းပါးကို Social Media အချို့တွင် ဖက်ရှုနိုင်ပါသည်။ သူ၏သမ္မတသက်တမ်းအတွင်း မဲခေါင်မြစ်ဝှမ်းရှိ လာအိုမြန်မာချစ်ကြည်ရေးတံတား ကဲ့သို့သော အခြေခံ အဆောက်အအုံ စီမံကိန်းများ ပြီးစီးခဲ့ခြင်း၊ ပြည်သူလူထုတိုင်း လက်ကိုင်ဖုန်း ကိုင်ဆောင်နိင်ရန် အတွက် ၁၅၀၀ တန် SIM Card လုပ်ဆောင်ပေးခြင်း၊ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ပြီး ပြည်သူလူထုများ အရင်ထက် သက်သာသည့်စျေးနူန်းဖြင့် မော်တော်ယာဉ်များ ဝယ်စီးနိုင်ခြင်း ၊ ထိုကဲ့သို့ ပြည်သူလူထုများ လိုလားသော ကုန်ပစ္စည်းများ သင်သွင်းခွင့်ပြုခဲ့သော်လည်း ပြည်သူလူထုများသည် သမ္မတ၏ပါတီကို နောက်ထပ်သက်တမ်းအတွက် မဲမပေး ခဲ့ကြပေ။ သူ၏သမ္မတ သက်တမ်းအတွင်း ပညာရေးနှင့် ပတ်သက်၍ ဘာမှမလုပ် ပေးခဲ့ပါ။ အလားတူ ယဉ်ကျေးမှုနှင့် အကျင့်စာရိတ္တပျက်ပြာမှု (Culture Disorders) လျှော့ချရေးလည်းမလုပ်နိုင်ခဲ့ပေ (ပညာရေးနှင့် လည်းသက်ဆိုင်သည်)။ အိမ်နှီး ချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက၊ လက်ရှိရာစုနှစ်အတွင်း၌ ပြည်သူလူထုကို ဘယ်လိုပညာပေးရမည်နည်း၊ အနာဂတ်အတွက် မည်သို့စဥ်းစားတွေးခေါ် ဆင်ခြင်ပြီး တိုးတက်အောင်လုပ်ရမည်တို့ ဘာမှ မရှိခဲ့ပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်၏ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) အနိုင်ရခဲ့ခြင်း၏အဓိကအကြောင်းရင်းမှာ မြန်မာပြည်သူများသည်နှစ်ပေါင်း ၅၀ ကြာမြှင့်ခဲ့သော စစ်အာဏာရှင်စနစ်၏အုပ်ချုပ်မှုကို လုံးဝကြောက်ရွံ့ငြီးငွေ့ခဲ့ ကြသောကြောင့်ပင် ဖြစ်သည်။ ကြီးမားသော အကျိုးအမြတ်အား ရရှိခဲ့သော စစ်ဗိုလ်ချုပ်ကြီးများ နှင့် ၎င်းတို့ အားကြိုးကိုင်ထားသော ခရိုနီစီးပွားအုပ်စုများကို ဆန့်ကျင်သောအတွေးဖြင့် အပြတ်အသတ် နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အင်္ဂလိပ် - အမေရိကန်များက ကျောထောက် နောက်ခံပြုခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားနှင့်ဟီလာရီကလင်တန်တို့သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြပြီးနောက် DVB (Democratic Voice of Burma) ကို မြန်မာနိုင်ငံတွင် တည်ထောင်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို နိုင်ငံရေးအရထောက်ပံ့ရန် နိုင်ငံခြား ရန်ပုံငွေဖြင့် ငွေကြေးများထောက်ပံ့ ပေးခဲ့ကြသည်။ အနောက်တိုင်း အင်အားကြီး နိုင်ငံများ၏ မီဒီယာများကလည်း ထောက်ခံခဲ့ကြသည်။ သမ္မတဦးသိန်းစိန် ကလည်း မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့် ကိုခွင့်ပြုခဲ့သည်။ စဥ်းစား တွေးခေါ်တက်သော NLD ပါတီဝင်များအနေနှင့်  NLD အစိုးရအာဏာရယူပြီး နှစ်အနည်းငယ် အကြာတွင်မှ ဒေါ်အောင်ဆန်းစုကြည်၏ မှန်းစလို့မလွယ်ကူသော စိတ်မမှန်ရောဂါ (Borderline Personality Disorders) အတွက် နောင်တ ရခဲ့ပြီးဖြစ်ကြလေသည်။  ၎င်းတို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ထင်ရာစိုင်းလှ သည့် သမီးဆိုးလည်း ဖြစ်သည်ကို မသိရှိခဲ့ဘူးလား။ ကျွန်တော့်၏ “တန်ဖိုးရှိသောဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) အပိုင်း (၁)နှင့်အပိုင်း (၃) ” ဆောင်းပါးကို Social media အချို့တွင် ဖတ်ရှုနိုင်ပါသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်းပြင်းထန်ထန် ဆွေးနွေးရာမှ ငြင်းပွားဖွယ်ရာ အကြောင်းပြချက် တစ်ခုဖြစ်သည်။ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် သူမ၏ အရည်းအခြင်းညံ့ဖျင်းမူများနှင့် မအောင်မြင်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ သည်။ သူမ၏ အရည်းအခြင်းညံ့ဖျင်းမူများနှင့် မအောင်မြင်မှုများကို ဖုံးကွယ်ပေး နိုင်သော အကြောင်းပြချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပြီး နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အမှားအယွင်းပေါ် ပုံချလိုက်ခြင်းဖြင့် သူမအား ပြန်လည်ရွေးကောက် တင်မြှောက်သင့်သည်။ မှန် ပါသည် အကယ်၍  ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရပါက သူမအနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖန်တီးခဲ့သော ပြဿနာများကို မည်သို့ကျော်လွှား မည် နည်း? တပ်မတော်မှကိုယ်စလှယ် ၂၅% ဖယ်ရှားရန်အတွက် ခွေးရူးတစ်ဖွယ် ငြင်းခုံ မူမှလွှဲ၍ သူမသည်ကောင်းမွန်သော ဖြေရှင်းမူနည်းလမ်းများ ရှိမည်မဟုတ်ပေ။

အရည်အချင်းမရှိသော NLD၏ အကြီးအကဲဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးကွယ်ပေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စွပ်စွဲပြစ်တင် ခြင်းနှင့်ပတ်သက်သော ငြင်းခုံမှုများကို အလွယ်တကူဖော်ထုတ်နိုင်သည်။ ၂၅% တပ်မတော်ကိုယ်စားပြုမှု အပိုဒ်၏အဓိကရည်ရွယ်ချက်မှာ တပ်မတော်၏ အကျိုး စီးပွားမပါသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သောကြိုးပမ်းမှုများကို ရပ်တန့် ရန်ဖြစ်သည်။  NLD ကစိုးရ၏ လေ့လာစောင့်ကြည့်ရေးကာလအတွင်း အစိုးရ၏ ဌာနခွဲများနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အရေးကြီးသော အစိတ်အပိုင်းများကို ဆန်းစစ်လေ့လာခြင်းဖြင့် ၎င်းတို့နှင့် ပတ်သက်၍ တိုးတက်မှု ရှိ/မရှိ ကိုစဉ်းစားကြပါစို့။

ပညာရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များကဲ့သို့သော အုပ်ချုပ်ရေး ဌာနများ၏လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးကြပါစို့။ အကယ်၍  မှန်ကန်စွာ လုပ် ဆောင်နိုင်ပါက တပ်မတော်ကို အတိုက်အခံ (သို့) ကန့်လန့်မတိုက်မဘဲ ပြုပြင် ပြောင်းလဲမှုနှင့်တိုးတက်မှုများစွာ ပြုလုပ်နိုင်ပါသည်။ အကယ်၍အဆိုပြုထား သော အပြောင်းအလဲသည် နှစ်ဦးနှစ်ဖက် အကျိုးရှိရေး WIN-WIN ဖြစ်ပါက တပ်မတော်အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ ဥပဒေ ပြုပြင်ရေးကဏ္ဍတွင် လက်ရှိ အထက် လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ လုပ်ငန်းလုပ်ဆောင်မှုများသည် ထိရောက်မူမရှိပေ။ ပါလီမန်၏ အထက်လွှတ် တော်များသည် နိုင်ငံရေးအရ ပို၍အရေးကြီးသောအဖွဲ့ဝင်များ (အမေရိကန်၏ အထက်လွှတ်တော်အမတ်) များဖြစ်ကြပြီး ၎င်းတို့အနေဖြင့် ပို၍အရေးကြီးပြီး ကျယ်ပြန့်သော ဥပဒေကြမ်းများကိုမဲပေးကြပြီး အောက်လွှတ်တော်များသည် ပုံမှန်အားဖြင့် ပြည်တွင်းရေးကိစ္စများကို မဲပေးလေ့ရှိသည်။ လွှတ်တော်နှစ်ခုစလုံး မဲပေးရန် လိုအပ်သော  ဘုံကိစ္စရပ်များရှိကောင်းရှိနိုင်သော်လည်း ယင်းမဲအမျိုး အစားများအတွက် သီးခြားစီ ကိုင်တွယ် လေ့ ရှိကြသည်။ ဥပမာအားဖြင့် အကယ်၍ ယင်းဘုံကိစ္စ ရပ်များသည် လွှတ်တော်တစ်ခုခု၌ မဲအနိုင်ရရှိပြီး၊ ကျန်လွှတ်တော် တစ်ခုတွင် မဲရှုံးခဲ့ပါက လွှတ်တော်၏အတည်ပြုခြင်း ရရှိမည်မဟုတ်ပါ။  မြန်မာ နိုင်ငံတွင် လွှတ်တော်တစ်ခုချင်းစီ၏ ဆန္ဒမဲများကို သီးခြားစီ ခွဲခြားထားခြင်း မရှိသောကြောင့် ကိစ္စရပ်အများစု၌ အထက်လွှတ်တော်သည် အောက်လွှတ်တော် ၏ဆုံးဖြတ်ချက်များကို မပြောင်းလဲနိုင်ပေ။ ကိုယ်စလှယ်များအနေဖြင့် ဤကဲ့သို့ သော ဥပဒေရေးတွင် ချိုးဖောက်မူ (သို့) ကွဲလွဲမှု မျိုးများကို ပြုပြင်ပြောင်းလဲရန် လိုအပ်သော်လည်း NLD အနေဖြင့် ၎င်းကို စိတ်ဝင်စားပုံ မပေါ်ပေ။

အာဏာရှင်စနစ်တွင် အစိုးရ၏တရားစီရင်ရေးသည် အာဏာရဗိုလ်ချုပ်များကို နာခံခြင်းပင်ဖြစ် ခဲ့သည်။ ထိုနည်းတူပင် သံသယဖြစ်ဖွယ်ကောင်းသော လက်ရှိ NLD ဒီမိုကရေစီ အစိုးရသည်လည်း  NLD အမှုဆောင်များ၏လွှမ်းမိုးမူကို နာခံပုံရသည်။ ဒေါ် အောင်ဆန်းစုကြည် (သို့မဟုတ်) NLD ကိုယ်စား တရားစီရင်ရေးမှာလည်း  အခါ အားလျော်စွာ ဆုံးဖြတ်ချက်များ လွဲမှားစွာ စီရင်ခံခဲ့ကြသည်။ ဤအကျင့်ပျက် ခြစားမှုများကို စီရင်သည့်အခါ လူရွှင်တော်များ (သို့မဟုတ်) မျောက်များသည် တရားရုံးကို ထိန်းချုပ် လည်ပတ်နေသလို ခံစား‌နေရသည်။ မြန်မာလူမျိုးများ အနေနှင့် ဤသို့ရှက်ဖွယ်ကောင်းပြီး ရုပ်ဆိုးညစ်ညမ်းသော ဇာတ်ကောင်များ၏ ရှေ့မှောက်တွင် ဦးညွှတ်ကြမည်လော? ဤသို့သော တရားဥပဒေစိုးမိုးမှု ပျက်ကွက် ခြင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အပြစ်တင်၍ မရပါ။

မြန်မာနိုင်ငံတွင် တပ်မတော် (သို့မဟုတ်) NLD အပေါ် ဝေဖန်မူများ ပြုလုပ်ပါက ပြင်းထန်သော အရေးယူခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ မီဒီယာလောကတွင် ၎င်းတို့၏ လုပ်ဖော် ကိုင်ဖက်အချို့ကို ချိုးဖောက်သည်ဟူ၍ ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် ချမှတ်ခံခဲ့ ရပြီးနောက် မီဒီယာသမားများ တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ မီဒီယာ အနေနှင့် ဤကဲ့သို့သော ဆောင်းပါးများကို ပြည်သူလူထုသို့ ထုတ်ဝေရန် အခွင့် အရေးမရှိပါ။ မီဒီယာလွတ်လပ်ခွင့်သည်လည်း ဦးသိန်းစိန်အစိုးရလက်ထဲလောက် လွတ်လပ်ခွင့်မရှိခဲ့ပေ။  စင်စစ်အားဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရသည် ဒေါ် အောင်ဆန်းစုကြည်မှ ဖိနှိပ်ချုပ်ခြယ်ထားသော NLD အစိုးရထက် ပို၍ ဒီမိုကရေစီ ဆန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအုပ်ချုပ်မှု အတွက် လိုအပ် သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် လုံးဝပျက်ကွယ်ခဲ့ပြီး သမ္မတဦး သိန်းစိန်၏ ကျန်ရှိသည့်မူဝါဒများကိုသာ ဆက်လတ်ကျင့်သုံး ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း  မည်သည့်အကြိမ်မျှ အောင်မြင်မှုမရှိခဲ့ပေ။ နောက်ထပ် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများ မပြုလုပ်မီ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ထည့်သွင်းစဉ်းစားရမည့် မရှိမဖြစ်လိုအပ်သော အချက်နှစ်ချက် ရှိသည်။ ပထမအချက်အနေဖြင့် ဗဟိုအစိုးရသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို စကားလုံးများဖြင့်သာမက လက်တွေ့ကျကျဖြင့် ကာကွယ်ရန် လိုအပ်သည်။ ဒုတိယအချက်မှာ တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော အခွင့်အရေးများ ရရှိရေးပင်ဖြစ်သည် ([7]YouTube ဗွီဒီယို - မြန်မာလွတ်လပ်ရေးနေ့ ၁၀၄၈)။ ဆိုလိုသည်မှာ ပြည်သူ့ဗဟိုပြုသော တိုင်းပြည်ဖြစ်ရမည်။  ဤလိုအပ်ချက်များကို နားလည်သူမည်သူမဆို အမျိုးသားစိတ်ဓာတ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ သော စိတ်ဓာတ်ရှိရန် လိုအပ်ပါသည်။ အမျိုးသားဆန္ဒနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုအတွက် လိုအပ်သောစိတ်ဓာတ်သည် ဤအခြေခံပေါ်တွင် မူတည်ပါသည် (ဗိုလ်ချုပ် အောင်ဆန်း)   the National Will and the Spirit Requisite for the Growth of  Civilization (Bogyoke Aung San)

ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများကို ဌာနေတိုင်းရင်းသားများအဖြစ် လက်ခံခဲ့သည်။ ဤသို့ပြုလုပ်ခြင်းသည် နိုင်ငံတော်ပုန်ကန်မှု ဖြစ်သော်ငြားလည်း သူမ၏ ရူးသွပ်မှု အတွက်(သို့မဟုတ်) စိတ်ဖောက်ပြန်မှုတို့ကို ကာကွယ်၍ငြင်းခုံပြောဆိုနိုင်စွမ်း ရှိကောင်းရှိ လိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်သဘောထားခြင်း တူသော မည်သူမဆို တိုင်းပြည် သစ္စာဖောက်သူများဖြစ်ကြပြီး တိုင်းပြည်၏ရန်သူများလည်း ဖြစ်ကြသည်။

ပါလီမန်အုပ်ချုပ်မှုတွင် တပ်မတော်မှ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းသည် မသမာသော အရပ်သားအစိုးရများမှကာကွယ်ခြင်း နှင့် အခြားသော အကြောင်းပြချက်များ ပင် ဖြစ်သည်။ NLD အဖွဲ့ချုပ်၏ တရားဥပဒေစိုးမိုးရေးသည် အလွန်ဆိုးရွား လှပါသည်။ ထို ၂၅% ရှိသောအုပ်ချုပ်မှုသည် အာဏာရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်း၏ အဖွဲ့ဝင်များထံမှ မြန်မာပြည်သူလူထုများကိုကာကွယ်ပေးသည့်အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ရန်လိုအပ်ပါသည်။ စစ်မှန်သောဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက် လာသည့်အထိ ဤနည်းဥပဒေတည်ရှိနေရန် လိုအပ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို စစ်တပ်၏ဌာနခွဲများအဖြစ်သို့ ပြောင်းလဲစေနိုင်သဖြင့် ၎င်းသည်လည်း လိုအပ် သည်။ အဘယ်ကြောင့်ဆိုသော် တရားဥပဒေစိုးမိုးမှုကို နားမလည်သော ဒေါ် အောင်ဆန်းစုကြည်ကဲ့သို့သောသူများသည် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ဆင်ခြင် ဉာဏ်မရှိသော အသက်မပြည့်သေးသည့်ကလေးငယ်အား သေနတ်တစ်လက် ပေး၍ ပစ်ခတ်စေခြင်းနှင့်ပင်တူ၍ အလွန်အန္တရာယ်ကြီးမားလှပေသည်။

ဤဆောင်းပါးသည် မိမိကိုယ်ကို မြန်မာနိုင်ငံသားအဖြစ် ခံယူသူများအတွက်ရည်ရွယ်ပြီး ရေးသား ထားခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံနှင့် သင့်လျော်ပြီးအခြေခံကျသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သက်ဆိုင်သည့် နားလည်မှုကို နားလည်ရန် လိုအပ်ပါ သည်။ နိုင်ငံရေးခေါင်းဆောင်မှုနှင့် ပြည်သူလူထု (တပ်မတော်အပါအဝင်) တို့သည် တရားမျှတမှုနှင့် စည်းလုံးမှုအတွက် စံနမူနာများသည် ၎င်းတို့ကို လိုအပ်သလို ကာကွယ်လိမ့်မည်ဟု ယုံကြည်ပြီးမှသာလျှင်  ဖွဲ့စည်းပုံအခြေခံဥပဒေသည် အောင်မြင်နိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူလူထုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခုခံကာကွယ်နိုင်သောစွမ်းရည် ရှိရမည် ဖြစ်သည်။ အကယ်၍ ပြည်သူလူထု အများစုသည် ဆင်းရဲနွမ်းပါးမှုအဆင့် အောက်ရောက်ရှိနေပြီး ပညာရေးနိမ့်ကျနေပါက ဒီမိုကရေစီသည် ၎င်းတို့အတွက် စိတ်ကူးအိမ်မက် ကောင်း တစ်ခုသာဖြစ်ပေလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိကိုယ်ကိုယ် အတွက် ခုခံကာကွယ်လို့မရသလို ငပိန်း(လှည့်ဖျားရလွယ်သူ)၊ ငတုံး (ထူတူတူ အတတ) ၊ ငကြောင် နှင့် ငယောင်များ ကိုလည်း ကာကွယ်ပေး လို့မရပေ။

လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံသည်  ညံ့ဖျင်းသော နိုင်ငံရေးခေါင်းဆောင်များ ကြောင့်  တိုင်းပြည်တိုးတက်မူအတွက် လုံးဝမစွမ်းဆောင်နိုင်ခဲ့ကြပေ။ အရည် အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းတစ်ယောက်သည် ခေတ်မှီနောက်ကျ သောနွားလှည်း မောင်းနှင်းမည့်အစား လေယာဉ်ပျံကို မောင်းနှင်းပျံသန်းနိုင်မည် ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်နှစ်ခုက မြန်မာဘုရင်မင်းဆက်များ၏ အုပ်စိုးမှု ထောင်ချောက်အောက်တွင် နေမည့်အစား ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကဲ့သို့ တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ အာရှနိုင်ငံများဖြစ် သည့် ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်တို့သည် ကွန်ပြူတာနည်းပညာ ပိုင်းဆိုင်ရာတွင် ဥရောပနိုင်ငံများထက်စွမ်းဆောင်ရည် ပိုမိုသာလွန်လာနေပြီး စီးပွားရေးနယ်ပယ် တွင်လည်း ခိုင်မာသော စီးပွားရေးနှင့်အတူ တိုးတက်လျက် ရှိလာခဲ့သည်။ ၎င်းတို့၏ပညာရေး အစီအစဉ်များသည်လည်း အမေရိကန်နှင့် ဥရောပတို့နှင့် နှိုင်းယှဉ်ပါက ဒုတိယနေရာတွင် ရှိနေကြပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အရည်အချင်းနှင့်အဆင့် များကိုလည်း ကောင်းမွန်စွာ မှတ်တမ်းတင်ထား နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ယင်း နိုင်ငံများ၏ ပြောင်းလဲတိုးတက်ပုံ အဆင့်ဆင့်အား အလေးပေး ဂရုစိုက်သင့်ပြီး သင်ခန်းစာတစ်ဖွယ် အတုယူသင့်ခြင်းဖြစ်သည်။ YouTube ဗွီဒီယို -

[8]တရုတ် ဘယ်လိုအောင်မြင်ခဲ့သလဲ။

 
Video file
 

ကျွန်တော့်၏ “တန်ဖိုးရှိသောဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) အပိုင်း (၂)မှ သမာဓိတရား၊ အသိ-သတိရှိခြင်း ဆောင်းပါးသည် မြန်မာပြည်သူလူထုများ၏ အောင်မြင်မူအတွက် ဉာဏ်အလင်း ပြပေးနိုင်မည်ဖြစ်ပါသည်။ အောင်မြင်မှုလမ်းမကြီးပေါ်သို့ ဦးတည်လျှောက်လမ်း နိုင်ရန်အတွက် ကြိုးစားအားထုတ်ရန် ၂၅ နှစ်မျှအချိန်များ  လိုအပ်ပါသည်။ ပထမ ဦးစွာ ကျွန်ုပ်တို့သည်လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးမကျသော လက်ရှိနိုင်ငံရေးခေါင်းဆောင်များကို ဖယ်ရှားပြီး ကောင်းမွန်သော အနာဂတ် အတွက် အတူ တကွလုပ်ဆောင်ရန် လိုအပ်ပါသည်။

အစိုးရဌာနများအားလုံးကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် များစွာ လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် လက်ရှိနိုင်ငံရေးနှင့်အစိုးရစနစ်များကို ပြုပြင်ပြောင်းလဲရန်လိုအပ်ပြီး၊ အဓိပ္ပာယ်ပြည့်ဝသော အခြေခံဥပဒေဆိုင်ရာ ဥပဒေ များနှင့် မှန်ကန်စွာပေါင်းစပ်ရန်လိုအပ်ပါသည်။ ဤရည်မှန်းချက်များကို မှန်ကန် စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာ နိုင်ငံ၏ အဓိကနယ်ပယ်များတွင် ကျွမ်းကျင်မှုရှိသည့် ထိပ်တန်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည့်  “ပညာရှင်အဖွဲ့” (Think Tank) ခေါ် သုတေသီအကြံပေးအဖွဲ့တစ်ဖွဲ့လိုအပ်ပါသည်။ ဤကဲ့သို့သော အဖွဲ့အစည်းမျိုးသည် “ပညာရှင်အဖွဲ့” (Think Tank) မဟုတ်သော တခြားအမည် ဖြင့် ယခင်က ရှိခဲ့ဖူးသော်လည်း အကျင့်ပျက်ခြစားမှုရှိသော နိုင်ငံရေးခေါင်းဆောင် များသည် ယင်းအဖွဲ့အစည်းမျိုးကို မလိုလားကြပေ။ သို့ရာမှ မကောင်းတဲ့ စီမံကိန်းခွင့်ပြုချက်များကို အတည်ပြုပြီး လဒ်စားနိုင်ရန် အတွက်ပင်ဖြစ်သည်။  ကျွန်တော့်၏ “တန်ဖိုးရှိသောဘဝနှင့် ရပ်တည်ခြင်း ( Living a Life with Values ) အပိုင်း (၃)” ဆောင်းပါးတွင် ဖက်ရှုနိုင်ပါသည်။

------------------------

နိဂုံးချုပ်အနေဖြင့် (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီး  နှစ်၂၀ ကြာပြီးနောက် ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံကို ဆိုးရွားစွာဖျက်ဆီးခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်ကိုနောက်ထပ် နှစ်ဆမက ဖျက်စီးခဲ့သည်။ န.ဝ.တ အစိုးရ တိုင်းပြည်ကို တာဝန်ယူသည့် (၁၉၈၉) အချိန်ရောက်သောအခါတွင် တိုင်းပြည်သည်  ဆိုးရွားစွာ ဖျက်ဆီးခံခဲ့ရပြီး အမှိုက်ပုံထဲသို့ ရောက်ရှိနေသလိုပင် ဖြစ်ခဲ့ရလေသည်။  အထူး သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည် လာသောအခါ ၎င်းတို့သည် စစ်တပ်၏နောက်ခံဖြင့် မတရားသောစည်းစိမ်ဥစ္စာကို ခံစားနေရသဖြင့် တရား ဥပဒေစိုးမိုးရေးကို လုံးဝစိတ်မဝင်စားခဲ့တော့ပေ။ စီးပွားရေး ပြန်လည်နာလန် ထူရေးမူဝါဒသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အတူတကွ ဝင်‌ငွေအလွန် ကောင်းမွန်သော မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းနှင့် မှောင်ခိုရောင်း ဝယ်မှု လုပ်ငန်းများ လုပ်ကိုင်ခြင်း စသည်ဖြင့်၊ တပ်မတော်သည် တောင်ပေါ် ဒေသ ၏ ဘုရင်တစ်ပါးလို ဖြစ်နေကြသည်။ စစ်ဗိုလ်ချုပ်များနှင့် မူးယစ်ဂိုဏ်းရာဇာများ ချမ်းသာလာသည်နှင့်အမျှ ၎င်းတို့၏ မိသားစုဝင်များနှင့် ကလေးငယ်များကို အမေရိကန် နှင့် သြစတြေးလျား စသည့်နိုင်ငံများကဲ့သို့ လုံခြုံသောနိုင်ငံများတွင် နေထိုင်ရန်နှင့် ပညာစည်းဖူးနိုင်ရန်အတွက် စတင်စဉ်းစားလာကြသည်။ သို့မှ သာလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်အား မည်သို့ ဖိအား ပေးမည်ကို တွက်ဆနိုင်လိမ့်မည်ဖြစ်သည်။ ပြည်သူလူထုများ၏ အကျိုးစီးပွားနှင့် တရားဥပဒေ စိုးမိုးရေးကို မလေးစားပါက ၎င်းတို့သည် နာမည်ပျက်စာရင်းထဲ သွင်းခံရပြီး စီးပွားရေး ပိတ်ဆို့မူများနှင့်ရင်ဆိုင် နေရမည်ဖြစ်သည်။

တပ်မတော်အတွင်း အငြင်းပွားမူမရှိသောခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၀ ခုနှစ် (ဒီမိုကရက်တစ်)ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ၎င်း၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှကာကွယ်ရန် အကျယ်ချုပ်ကို ၁၈ လထပ် မံတိုးခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် သမ္မတအဖြစ် ငါးနှစ်တာဝန်ထမ်းဆောင် ခဲ့ရသည်။    ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန်ကိုချန်ရစ်၍ နှုတ်ဆက်သွား ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားသူများကို မြန်မာနိုင်ငံ၏ သမ္မတဖြစ်ခွင့်ကို တားမြစ်ထားသော ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သမ္မတ မဖြစ်နိုင်ခဲ့ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်ပြီး နိုင်ငံတော် သမ္မတအထက်မှာ နေရာယူ၍ အာဏာကို ချုပ်ကိုင်ထားခဲ့လေသည်။ (၄) နှစ် ကျော် အုပ်ချုပ်ခဲ့ပြီးနောက် NLD သည် ပညာရေး သို့မဟုတ် စီးပွားရေးနှင့် ပတ် သက်မူတွင်ဖြစ်စေ၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်မူတွင်ဖြစ်စေ မည်သည့် အောင်မြင်မူမျှ မရရှိခဲ့ပေ။ သိန်းစိန်အစိုးရထက် ပို၍ဆိုးဝါးလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့၏ မအောင်မြင်မူအရာရာအားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ ဖြစ်သည်ဟူ၍ တိုက်ရိုက်အပြစ်တင် လေ့ရှိကြသည်။ ဤ ဆောင်းပါးကိုဖတ်ရှုသူများအတွက် “ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ နှင့် ၁၉၄၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်အဖြစ်မှန်များကို နားလည်သဘောပေါက်လျှင်”  ဒေါ်အောင်ဆန်း စုကြည် နှင့် NLD တို့၏ လိမ်ညာမှုများကို ပေါ်လွင်စေပါသည်။ အားနည်းချက် များစွာရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသော်ငြားလည်း အပြုသဘောဖြင့် နိုင်ငံတော် ကို တိုးတက်အောင်လုပ်ဆောင် နိုင်သော နည်းလမ်းများစွာရှိပါသည်။ အကြောင်းမူကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၌ပင် အရည်အချင်းမရှိခြင်း ကြောင့်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကသို့ခြေမချမှီကပင်  စုကြည်သည်  ပရော်ဖက်ရှင်နယ် professional အဆင့်ရှိရှိအလုပ်များ တစ်ခါမျှ မလုပ်ခဲ့ဖူးပါ။ သူမ၏အဓိကအလုပ်မှာ အိမ်ရှင်မအလုပ်နှင့် အချိန်ပိုင်း ကလေးထိန်း ကျောင်းဆရာမ အလုပ်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ NLD အနိုင်ရရှိမှုမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် နိုင်ငံခြားသားများသည် သူမအား နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအဝင် ဂုဏ်ထူးဆု များစွာချီးမြှင့်ခဲ့သည်။ သူတို့အနေ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရည်ကိုယ်သွေး အရည်းအချင်းကို နားလည်သဘောပေါက်လာသောအခါ နိုဘယ် ငြိမ်းချမ်းရေးဆု မှလွဲ၍ သူမကိုပေးအပ် ခဲ့သောဆုများ အားလုံးနီးပါးကို ရုပ်သိမ်း ပယ်ဖျက်ခဲ့ကြသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရုပ်သိမ်းခြင်းနှင့်ပက်သတ်၍ အလေးအနက် ဆွေးနွေးမှုများလည်း ပြုလုပ် ခဲ့သည်။ သို့သော် ဤအပြုအမူသည် ဒေါ်အောင်ဆန်းစုကြည်ထက် ဤ ငြိမ်းချမ်းရေးဆု၏ ဂုဏ်သိက္ခာကို ပိုမိုထိခိုက် စေလိမ့်မည်ဖြစ်သည်။

ကမ္ဘာကြီးသည် အစဥ်မပြတ်ပြောင်းလဲတိုးတက်နေပြီး လာမည့်နှစ်သုံးဆယ်အတွင်း ဖြစ်ပျက်မည့် အရာများနှင့် နှိုင်းယှဉ်ပါက လွန်ခဲ့သောအနှစ်သုံးဆယ်အတွင်း ကျွှန်ပ်တို့ တွေ့ကြုံ ခဲ့ရသောတိုးတက်မှုများအားလုံးသည် အရေးမကြီးတော့ပါ။ မြန်ဆန်သောလူမှု ရေး၊ စီးပွားရေး၊ နည်းပညာ စသော ပြောင်းလဲမှုများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဥပဒေများကိုလည်း မကြာခဏပြင်ဆင်ရန် လိုအပ်လိမ့်မည်ဖြစ် သည်။ သင့်တော်သော အနာဂတ်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အလွန်ကောင်းမွန်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် လူဦးရေဆိုင်ရာ ပြောင်းလဲ မူများကို အကြီးအကျယ် ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ မြန်မာပြည်သူများသည် လူမျိုးရေးခွဲခြားမှု မရှိကြပါ။ ၂၀၅၀ ပြည့်နှစ်တွင် မြို့ကြီးများရှိလမ်းများနှင့် ယာဉ်အသွားအလာအခြေအနေများ တိုးတက်လာသည် နှင့်အမျှ Mestizos လူဦးရေ (မူရင်းအသုံးပြုမှု၊ တောင်အမေရိကတွင် အင်ဒီးယန်းနှင့်စပိန်တို့ ရောနှောခြင်း၊ ခေတ်သစ်ပန်းစကား ရောနှောနေသော လူမျိုးပေါင်းစုံကိုဆိုလိုသည်) သည် သိသိသာသာတိုးပွားလာနိုင်ပြီး အဓိက နိုင်ငံရေးအင်အားစုများ ဖြစ်လာ ကြလိမ့်မည်ဖြစ်သည်။ လူမျိုးစုများ၏ အပျက်သဘောဆောင်သော ရှုထောင့် များသည် လျှင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် မည်သည့်အရာသည် အလွန် အရေးကြီးသောပြဿနာများဖြစ်ပြီး၊ မည်သည့်အရာသည် ဖြေရှင်း၍ မရနိုင်သော ပြဿနာများဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် အနာဂတ်အတွက် ကြီုတင်ကာကွယ်ခြင်းနှင့် လာမည့် ၁၀ နှစ်အတွင်း သိသိသာသာ ပြောင်းလဲ သွားနိုင်မည်ဖြစ်သည်။ မလိုအပ်သော လူမှုရေးတိုက်ခိုက်မှုများကို အခွင့်ကောင်း ယူပြီး အမြတ်ထုတ်နေသော ပြဿနာဖန်တီးသူများသည် မကြာမီ စဥ်းစား တွေးခေါ်ဆင်ခြင်တက်သောသူများ၏ ဆန့်ကျင်ပယ်ထုတ်ခြင်းများကို ခံရလိမ့် မည် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုးရ၏ လုပ်ငန်း လည်ပတ်မှုနည်းလမ်းများသည်လည်း ဆိုက်ဘာနည်းပညာများကို အသုံးပြုလာမည် ဖြစ်သည်။ ကောင်းမွန်သောပညာရေးဆိုင်ရာ အခွင့်အလမ်းများ နှင့် စီးပွားရေးတိုးတက်မူ ဆိုင်ရာအခွင့်အလမ်းများ ပိုမိုများပြားလာလိမ့်မည် ဖြစ်သည်။

လာမည့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံသည် ကမ္ဘာ့အမြင့်ဆုံး ဂျီဒီပီ GDP ကိုရည်မှန်းထားပြီး ကမ္ဘာပေါ်တွင် ဂျီဒီပီ GDP အမြင့်ဆုံး နေရာသို့ ရောက်ရှိရန် ရည်ရွယ်ထားသည်။ (YouTube video: 

[9]Einar Tangen, China Emerging as Global Power; 

 
Video file
 

[10]China Plan to Moon, Mars.)

 
Video file
 

တရုတ်နိုင်ငံသည် လကမ္ဘာပေါ်တွင် စီးပွားရေးများလုပ်ဆောင် ရန်စီစဉ်နေကြ သည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မူ အမြန်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ အမှုဆောင် အရာရှိ အများစု ၏ ပညာအရည်အချင်းမှာ အနည်းဆုံး ဘွဲ့နှစ်ခုကိုင်ဆောင်ထားသူများ ဖြစ်ကြပြီး၊ ဘွဲ့တစ်ခုသာ ကိုင်ဆောင်သူများသည် များသောအားဖြင့် အင်ဂျင်နီယာနှင့် သက်ဆိုင်သော ဘွဲ့များဖြစ်ကြသည်။ ၎င်းတို့ကို အစိုးရရာထူးများသို့ ရာထူးတိုးမြှင့် ခြင်းမပြုမီ ရှေးဦးစွာ  စီမံကိန်းနှင့်ပက်သတ်သော စီမံခန့်ခွဲမှုအတွေ့ အကြုံ များစွာရှိထား ရမည်ဖြစ်သည်။ YouTube video: 

[11]Road and Belt.

 
Video file
 

အာဏာရှင်စနစ် အမျိုးမျိုးကိုဖြတ်သန်းလာချိန်မှစ၍ မြန်မာ့တပ်မတော်နှင့် အရပ်ဘက်နိုင်ငံရေး ခေါင်းဆောင်များ၏ အတွေးအခေါ်ပါဝင်နေသည့် ယဉ်ကျေးမှုများသည် တိုးတက် မှု လုံးဝ မရှိခဲ့ပေ။ လက်ရှိအစိုးရ အကြီးတန်းရာထူးများယူထားကြသော ဒေါ် အောင်ဆန်းစုကြည်၏ NLD အဖွဲ့ဝင်အများစုသည် အရည်အခြင်းညံ့ဖျင်းပြီး  စီမံကိန်းကြီးများကို စီမံခန့်ခွဲသည့် အတွေ့အကြုံများလည်း လုံးဝမရှိခဲ့ပေ။ ၎င်းတို့ ကျွမ်းကျင်သည့်တစ်ခုတည်းသောအရာမှာ အဆုံးမရှိငြင်းပွား တိုက်ခိုက်ခြင်း ပင်ဖြစ်သည်။

လက်ရှိအချိန်တွင် အကြီးမားဆုံးမေးခွန်းမှာ မြန်မာပြည်သူလူထုများအနေဖြင့် ယ္ခုချိန်မှစ၍ အနာဂတ်အောင်မြင်မူများကို အတူတကွ စွတ်ခူးနိုင်ကြမည်လော? စစ်တပ်နှင့် NLD အစိုးရများသည် အုပ်ချုပ်သူများသာဖြစ်ပြီး မည်သည့်တိုးတက်မှုမျှ မဖော်ဆောင်နိုင်သောကြောင့်  ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်‌ရေးအတွက် မြန်မာ ပြည်သူလူထုများ အနေဖြင့် တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များကို မဲပေးသင့် ပါသည်။ လက်ရှိနိုင်ငံရေးအခြေအနေအရ ပါတီကိုကြည့်၍ မဲပေးခြင်းသည် ကောင်းသော စိတ်ကူးမဟုတ်နိုင်ပေ။

လာမည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်သူပြည်သားများ၏ အကောင်းဆုံးရွေးချယ်မှုမှာ ပါတီကိုမကြည်ဘဲ အကောင်းဆုံးနှင့် အရည်အချင်း အပြည့်ဝဆုံးသော ကိုယ်စား လှယ်လောင်းများအား ရိုးသားစွာမဲပေးခြင်း ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဒီမိုကရေစီ အမည်ခံသာဖြစ်သော အကျင့်စရိတ္တယိုယွင်းပျက် စီးပြီး ဒီမိုကရေစီ အယောင်ဆောင်သူများကို လုံးဝသည်းခံခြင်းမပြုဘဲ နိုင်ငံရေးခေါင်းဆောင်မှု အတွက် မသင့်တော်သူများကို မဲမပေးခြင်းဖြင့် ဖယ်ထုပ်ရမည် ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲ ရလဒ်များသည် ပါတီငယ်များအတွက် အဓိပ္ပါယ် အကျိုးသက်ရောက်မှုရှိသော ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်လျှင်၊ ၎င်းတို့အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသောအစိုးရမဟုတ်သရွေ့  သက်ဆိုင်ရာ အာဏာရှိသူများ နှင့် ညှိနှိုင်းတိုင်ပင်ပြီး လိုအပ်သော ဥပဒေပြုပြင်ရေး နှင့် ပြောင်းလဲမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အကယ်၍ ၂၀၂၀ လွှတ်တော် အမတ်အသစ်များသည် မှန်ကန်သောအတွေးအခေါ်များနှင့်ရည်မှန်းချက်များရှိပါက ၎င်းတို့သည် နိုင်ငံကို အစေခံနိုင်ပြီး ပြည်သူလူထုများအပေါ် ပိုမိုကောင်းမွန်စွာ အလေးပေး လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ၎င်းတို့သည်လည်း ရွေးကောက်ပွဲအတွက် ယဉ်ကျေးမှု၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် လုပ်ဆောင်ရမည်များကို ရှင်း လင်းသော အစီအစဉ်စီမံချက်များ ရှိရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ လိမ်ညာလှည့်စားတက်သော ပါတီခေါင်းဆောင်များသည် တရားဥပဒေစိုးမိုးမှုကို အလေးမပေးပါက မကြာမီပင် ပါတီအတွင်း ဆန့်ကျင်ပုန်ကန်မူများနှင့်သာ ရင်ဆိုင်နေရလိမ့်မည် ဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်- ဆိုလိုသည်မှာ စစ်တပ် သည် မည်သည့်အကြောင်းပြချက်မှမလိုဘဲ အချိန်မရွေး အာဏာပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိသည်။ ပြည်သူလူထုများ၏ လိုရင်းဆန္ဒမပါသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်၏ ဗျူရိုကရေစီယန္တရားဖြင့်သာပါဝင်သောကြောင့် ပြည်သူလူထုများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် သစ္စာကတိပြုမှုကို လေးစား လိုက်နာရန်မျှော်လင့်နိုင်ပါသလား?

ဗိုလ်ချုပ်အောင်ဆန်းသည်လည်း ကျွန်ပ်တို့ ချစ်မြတ်နိုးရသည့်တိုင်းပြည်၏ လက်ရှိ ချို့ယွင်းပျက်စီးနေသော မြန်မာ့နိုင်ငံရေးစနစ်အား အမြန်အဆုံးသတ်စေလိုပြီး၊ မြန်မာ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်သောတိုင်းပြည်သစ်အတွင်း  ပျော်ရွှင်သော ဘဝများဖြင့် ပြည့်ဝစွာ နေထိုင်နိုင်ပါလိမ့်မည်ဟု မျှော်လင့်ပါသည်။