Submitted by Aung San U on Tue, 09/08/2020 - 14:17

ဦးအောင်ဆန်းဦး၏ မြန်မာနိုင်ငံ၏နိုင်ငံရေး နှင့်အစိုးရ စနစ်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ခြင်း (Development needed for Myanmar Political and Governmental Systems) မှ ကောက်နုတ်ချက်

၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုများအနေဖြင့် အလွန်အရေးကြီးသည့် လမ်းဆုံ လမ်းခွ၌ ရောက်ရှိနေကြောင်းကို အပြည့်အဝသတိထားသင့် ပါသည်။ စဥ်းစား ဉာဏ်ရှိသော မြန်မာပြည်သူလူထုများ စောင့်ကြည့်နေကြသည်၊ စစ်တပ် အသိုင်းအဝိုင်းက လည်း စောင့်ကြည့်နေကြသည်၊ တိုင်းရင်းသားများလည်း စောင့်ကြည့်နေကြသည်၊ တစ်နေ့လုပ်မှတစ်နေ့စားရသော ဆင်းရဲသားများ စောင့်ကြည့်နေကြသည်၊ မှန်ကန်သော ဥပဒေစိုးမိုးရေးများဖြစ်စေခြင်သော တရားမျှတမှုဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သူများလည်း စောင့်ကြည့် နေကြသည်၊ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ဂရုစိုက်တဲ့သူများလည်း စောင့်ကြည့်နေကြသည်၊ မြန်မာနိုင်ငံကို စိတ်ဝင်စားနေသော နိုင်ငံတကာအဖွဲ့ များကလည်း စောင့်ကြည့်နေကြသည်၊ စိတ်ဓါတ်ရေးရာပိုင်းတွင် အပြုသဘော ဆောင်သော ခံစားမှုရှိသူများကလည်း စောင့်ကြည့် နေကြသည်၊ တိုးတက်ဖွံ့ဖြိုးပြီး လူသားဆန်ပြီး တိုင်းပြည်မှာကြီးပြင်းနိုင်ရန်အတွက် စိတ်၀င်စားသော ကျောင်းသားများလည်း စောင့်ကြည့်နေကြသည်၊ ၂၀၂၀ ရွေးကောက်ပွဲပြီးဆုံးပြီး နောက်ပိုင်းတွင် အမျှော်အမြင်လုံးဝမရှိသော သို့မဟုတ် တရားမျှတမှုမရှိသော ဒီမိုကရေစီ အစိုးရဟုခေါ်သည့် အစိုးရ၏အာဏာ ကျဆင်း သွားမလား ဆိုသည်ကိုလည်း စောင့်ကြည့်နေကြသည်။

စာဖတ်ပရိတ်သတ်များ ခဗျာ ပြည်သူပြည်သားတစ်ယောက်၏ တာဝန်ဝတ္တရားအရ ( citizen duty ) ဤpostလေးကို အများအတွက်အကျိုးပြုစေရန် ဝိုင်းဝန်းရှယ်ပေးကြပါ။