Submitted by Aung San U on Tue, 08/04/2020 - 08:22

အကိုကြီးပြောပြသော ရည်မှန်းချက်မဲ့ စုကြည်လိုပုဂ္ဂိုလ်
အကိုကြီးပြောပြသော ရည်မှန်းချက်မဲ့ စုကြည်လိုပုဂ္ဂိုလ် 

မြန်မာနိင်ငံ၏ နှိင်ငံရေး လောကသို့ခြေမချမှီကပင်  မိမိကိုယ်ကိုပေါ်တွင် ရည်မှန်းချက်များ မရှိ သောသူ စုကြည်လိုပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏  ကောင်းကျိုးအတွက် သမာဓိတရား SAMADHI ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်လိုမျှော်လင့်ရမည်နည်း။

ဗိုလ်ချုပ် အောင်ဆန်းက မြန်မာနိုင်ငံနှင့် ပြည်သူလူထုကို ချစ်မြတ်နိုးသလို ပြည်သူကလည်း ဗိုလ်ချုပ်ကို ချစ်ခင်ကြည်ညိုသည်။ သူမ၏ အဓိကအားသာချက်မှာ ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဖြစ်နေခြင်း ဖြစ်သည်။

ပြည်သူတစ်ရပ်လုံးချစ်မြတ်နိုးသော ဖခင်တစ်ဦး၏ ဩဇာသက်ရောက်မှုရှိသော  ပုံရိပ်ကို အသုံး ပြုကာ နိုင်ငံတစ်နိုင်ငံ၏မှားယွင်းမှုများကို ပြုပြင်ရန် ဆောင်ရွက်ခြင်းမှာ မှားသလား ဆိုကာ မမှားပါ။ သို့သော မိမိကိုယ်တိုင်က နိုင်ငံကောင်းအောင် လုပ်နိုင်သော အရည်အချင်း နှင့် စွမ်းရည်မရှိဘဲ ပြည်သူချစ်သော ဖခင်၏ ဩဇာနှင့် ပုံရိပ်ကို ကောင်းစွာအသုံးချပြီး နိုင်ငံတော်၏အာဏာကိုရယူခဲ့ခြင်းသည် မှားသ လား ဟုမေးပါက လုံးဝမှားယွင်းသည် ဟု ဖြေရပေလိမ့်မည်။

လူမှုအဖွဲ့အစည်းအတွင်းတွင် မိဘ၏ အမည်ဂုဏ်သတင်းကျော်ကြားမှု၊ အရေးပါအောင်ပြု မှုစွမ်းဆောင်မှုတို့ကို အမှီပြု၍ လူသိများသော မျိုးဆက်သစ်ပုဂ္ဂိုလ်များ ရှိကြပါ သည်။ ထိုသူတို့သည် မိဘမျိုးရိုးအရှိန်အဝါဖြင့် တောက်ပြောင်ကြသည်။ ထင်ရှားသူအား ရုပ်ထုဖြစ်စေ၊ ရုပ်ရှင်ဖြစ်စေ၊ ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ခြင်းဖြစ်စေ ဖော်ပြလေ့ရှိကြပြီး ထိုသူ အမည်ရေးသွင်းထားသောကြေးပြားကို အရာဆိုခေါ် ကြေးပွတ်ဆေးပွတ်ရုံမျှဖြင့် တောက်ပြောင် လာသည့်နှယ်၊ သူ့ဆွေမျိုး သားချင်း တို့က သူအမည်သုံးကာ ထင်ပေါ်အောင်လုပ်တတ်ကြ သည်။ ထင်ပေါ် ကျော်ကြားသူနှင့် မည်သူ့အမျိုးတော်ပါစေ အပြုသဘောဆောင်သော အရည် အချင်းနှင့်စွမ်းရည်မရှိဘဲ စိန်နားကပ်အရောင်ဖြင့် ပါးပြောင်သူတို့အား မဲဆန္ဒရှင် တို့အနေ ဖြင့်မဲမပေးသင့်ပေ။ ထင်ပေါ်ကျော်ကြား၍ အရှိန်အဝါကြီးသူ၏ သားသမီး ဖြစ်သော်လည်း မိဘခြေရာနင်းကာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စွမ်း ရှိသူတို့ကို မဆိုလိုပေ။ မြန်မာနိုင်ငံ ပြည်သူ လူထုအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် မိမိတို့အတွက် မိမိတို့၏ သားသမီး တို့အတွက်၊ တိုးတက်မှုလမ်းကြောင်းပေါ်သို့ မှန်ကန်စွာရောက်ရှိရန်လိုအပ်သည်။ မြန်မာ နိုင်ငံအတွက် အလွန်အလွန်မှ အရေးကြီး ပါသည်။ အရည်အချင်းမရှိသူကို မဲမပေးရန်နှင့် ရာထူးအာဏာကို တလွဲအသုံးချမည့်သူများကို မထောက်ခံမိဖို့ လိုသည်။ မြန်မာပြည်သူ လူထု အလွန်တန်ဖိုးရှိသောအချိန် နောက်ထပ် ၅ နှစ်ကို ထပ်ပြီး ဆုံးရှုံးမခံပါနှင့်တော့။

စာဖတ်ပရိတ်သတ်များ ခဗျာ ပြည်သူပြည်သားတစ်ယောက်၏ တာဝန်ဝတ္တရားအရ ( citizen duty ) ဤpostလေးကို အများအတွက်အကျိုးပြုစေရန် ဝိုင်းဝန်းရှယ်ပေးကြပါ။