Submitted by Aung San U on Tue, 08/04/2020 - 05:28

ကိုဖီအာနန်ကို ဘာအကြောင်းကြောင့် မသိ ဖိတ်ခေါ်ခဲ့ရခြင်း
ကိုဖီအာနန်ကို ဘာအကြောင်းကြောင့် မသိ ဖိတ်ခေါ်ခဲ့ရခြင်း 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်တို့ ထိစပ်သော နယ်စပ်ဧရိယာမှ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာကုလားဟု ခေါ်ဆိုသူများနှင့် စပ်လျဉ်းသော သမိုင်းကြောင်း အကျဉ်း ချုပ်ကို သိရှိ နားလည်ထားသင့်သည်။ ‘ဘင်္ဂလားနယ်ငတ်မွတ်ခေါင်းပါးမှု (၁၉၄၃) (ဘင်္ဂလီဘာသာ စကားဖြင့် ပန်ကာဆီရာ မန်မင်တာရာ)သည် ဒုတိယကမ္ဘာစစ် အတွင်း ဗြိတိသျှအိန္ဒိယပိုင် ဘင်္ဂါလီနယ်တွင် အကြီးအကျယ် ဖြစ်ပွားခဲ့သော ဒုမ္ဘိကန္တရကပ်၊ အငတ်ဘေးဆိုက်ရောက် မှုဖြစ်သည်။ အစာငတ်မွတ်မှု၊ ငှက်ဖျား ရောဂါ၊ အာဟာရမပြည့်ဝမှု လူဦးရေ မြောက်များ စွာနေရာရွှေ့ပြောင်းနေထိုင်မှု၊ မသန့်ရှင်းသော အခြေအနေနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းကင်းမဲ့မှု တို့ကြောင့် လူသန်း ၆၀.၃ သန်း အနက် မှ ၂.၁ သန်း မှ ၃.၀သန်း အထိ သေကြေပျက်စီးခဲ့သည်။ လူမှုစီးပွားရေးဘဝအပေါ် ကြီးကျယ်စွာ လွှမ်းမိုးခဲ့သော ဤ အကြပ်အတည်းကြောင့် လူသန်းနှင့်ချီ၍ ဆင်းရဲမွဲတေသော ဘဝနှင့် ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘာစစ်ကာလအတွင်း ကိုလိုနီနယ်ချဲ့တို့ ဖန်တီးသော မူဝါဒတို့ သည် အခက်အခဲအကျပ်အတည်းကို ပိုမိုဆိုးရွားစေသဖြင့် သမိုင်းဆရာတို့က ဤဖြစ်ရပ်ကို “လူဖန်တီးသော အငတ်ဘေး” ဟု မကြာခဏဖော်ပြလေ့ရှိကြသည်။ လူနည်းစုကသာ ဤငတ်မွတ်မှုသည့် သဘာဝအကြောင်း တရားတို့ကြောင့် ဖြစ်ပေါ်လာသည်ဟု ထင်မြင်ယူဆကြသည်။ လူ့အလွှာတွင် အဆင့်အတန်း နိမ့်ကျသူများဟု ဗြိတိသျှတို့ ယူဆသည့် အိန္ဒိယသို့ ဂျပန်တပ်များ ရောက်ရှိ မလာအောင် ဟန့်တားနိုင်ရန် အလွန်ပင် ပြင်းထန်ရက်စက်သော စီးပွားရေးနှင့် စစ်ရေး ဆိုင်ရာဆောင်ရွက်ချက်တို့ကို ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေသမှ အိန္ဒိဆန် စပါးကုန်သည် ကြီးများ၏ မည်သူကိုမျှ အလေးမမူဂရုမစိုက်သော အကျိုးအမြတ် ကြည့်သည့် စီးပွားရေးယဉ်ကျေးမှုဆိုင်ရာ စိတ်နေစိတ်ထားနှင့် ဆောင်ရွက်ချက် သည် အငတ်ဘေးဒုက္ခအား မီးလောင်ရာလေပင့် ပိုမိုဆိုးဝါးစေခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ဖြစ်ပွားသော ဤဖြစ်စဉ် အသေးစိတ်ကို ဝီကီပီဒီးတွင် ဖတ်ရှုနိုင်ပါသည်။

ဤ ဘင်္ဂလားဒေသငတ်မွတ်မှု(၁၉၄၃)ကို ပြန်ဖော်ပြရခြင်းမှာ အကြောင်းရှိပါ သည်။ အင်္ဂလိပ်၊ အမေရိကန်နှင့် အစ္စလမ်မီဒီယာများက ရိုဟင်ဂျာဆိုသူများကို လူမျိုးတုံး သတ်ဖြတ်နေကြောင်း မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်နေကြသည်။ ဒုတိယ ကမ္ဘာစစ်တွင် အင်္ဂလိပ်နှင့်ဂျပန်တို့ တိုက်ပွဲအကြီးအကျယ် ဆင်နွဲခဲ့သော ဤရခိုင် ဘင်္ဂလားနယ်စပ်ဒေသသည် အဆိုပါရိုဟင်ဂျာဆိုသူ မွတ်စလင်တို့၏ ပင်ရင်းဒေသ ဖြစ်ကြောင်း စွပ်စွဲပြောဆို နေသည်။

ဗြိတိသျှသည် ရိုဟင်ဂျာရှိကြောင်း ဘယ်သောအခါမျှ မဖော်ပြခဲ့ပေ။ အဘယ် ကြောင့်ဆိုသော် မြန်မာနိုင်ငံဘက်အခြမ်းတွင် ဘယ်သောအခါမျှ မရှိခဲ့သောကြောင့်ဖြစ်သည်။ အ ကယ်၍ ရှိခဲ့လျှင်လည်း ဗြိတိသျှတို့၏ မြေလှန်ဖျက်ဆီးမှုများကြောင့် ကြီးကျယ် သော အငတ်ဘေးဆိုက်ကာ မည်သူမျှ ရှင်သန်နိုင်ဖွယ်မရှိပေ။

၁၉၇၁ ခုနှစ်တွင် အရှေ့ပါကစ္စတန်ကို အိန္ဒိယက တိုက်ခိုက်အနိုင်ရပြီးနောက် ဘင်္ဂလားဒေရှ် နိုင်ငံအဖြစ် လွတ်လပ်ရေးရရှိခဲ့သည်။ ပါကစ္စတန်စစ်တပ်သည် ဘင်္ဂလီများကို ခြေမှုန်းရာ၌ မြန်မာနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးလာသော စစ်ဘေးဒုက္ခသည် များမှာ အဆိုပါ ဘင်္ဂါလီများပင်ဖြစ်သည်။ အိန္ဒိယက ပါကစ္စတန်စစ်တပ်ကို တိုက် ခိုက်သော အခါတွင် ရခိုင်နယ်မြေသို့ စစ်ပြေးဒုက္ခသည်များ ထပ်မံဝင်ရောက် လာသည်။ ထိုသို့သော ဘင်္ဂါလီ ဒုက္ခသည်များသည် မြန်မာနိုင်ငံသို့ သာဝင်ရောက် သည် မဟုတ်။ ဘင်္ဂါလီ ၁၀ သန်း ရှိလျှင် တစ်သန်းခွဲခန့်မှာ အိန္ဒိယနိုင်ငံ အာဆမ် ဒေသသို့ ပြေးဝင်သွားကြသည်။ အာဆမ် (အိန္ဒိယ)ကလည်း အဆိုပါ ဘင်္ဂါလီ ဒုက္ခသည်များကို ဘယ်တော့မျှ နိုင်ငံသားပေးလိမ့် မည်မဟုတ်ဟု ကြေညာခဲ့ သည်။ အင်တာနက်ဝက်ဆိုက်တွင် ဖတ်ရှု့နိုင်ပါသည်။ လူ ၂၆၀၀၀ သေဆုံးသည် ဟု ပါကစ္စတန်ကပြောကြားသော်လည်း ၃ သန်းခန့် သေကြေပျက်စီးကြောင်း ဘင်္ဂါလီ ဘက်က ပြောဆိုသည်။(ဝက်ဆိုက်)ထိုကိစ္စများဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံဘက် သို့ ဝင်ရောက်သူများမှာ ရိုဟင်ဂျာဖြစ်သည်ဟု ဘယ်မှတ်တမ်းမှာ မျှ မတွေ့ရပါ။

နယ်စပ်ဖြတ်ကျော်၍ ကုန်ရောင်းကုန်ဝယ်လုပ်သူအချို့ကို ထိုအချိန်ကာလက ‘ခေါ်တော’ဟု ခေါ်ဝေါ်သုံးနှုန်းသည်။ ထိုသူတို့က ဗမာစကားအနည်းအကျဉ်းကို ၎င်းတို့၏ အသံ ဝဲဝဲဖြင့် ပြောဆိုတတ်ရာ  ဒေသခံတို့ကို အလွယ်တကူ ၎င်းတို့အား သိရှိ နိုင်သည်။ ရိုဟင်ဂျာဆိုသူများကား ဗမာစကား(ရခိုင်စကား) ကို တစ်လုံးတစ်ပါဒမှ မပြောဆို တတ်ပေ။ ထိုသူများသည် ဒေသခံလူထုနှင့်လည်း မည်သို့မျှ သဟဇာတ မဖြစ်ပေ။

၂၀၁၇ ခုနှစ်တွင် ဘင်္ဂလာဒေရှ်နိုင်ငံ၏ လူဦးရေမှာ ၁၆၄.၇သန်း ကျော်ရှိရာ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံထက် လူဦးရေပိုမိုများသည်။ ဒုတိယကမ္ဘာစစ်ကာလမှစ၍ ၎င်း နောက်ပိုင်း ဘင်္ဂါလီသန်းနှင့်ချီ၍ သေဆုံးခဲ့သည်။ အဆိုပါ ဘင်္ဂါလီတို့သည် အိမ်နီး ချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြပြီး သူတို့သည် ဘင်္ဂါလီမဟုတ်သော အခြားလူမျိုး တစ်မျိုး (ဥပမာ ရိုဟင်ဂျာ) အဖြစ် သူတို့ကိုယ်သူတို့ နာမည်ပေးခဲ့ကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သည့် အတွက် အိမ်ရှင်ဒေသက မနှစ်ချိုက်ပေ။ အကယ်၍ ဤ ကိစ္စသည် ပြဿနာ တစ်ရပ်အဖြစ် ပေါ်ပေါက်လာ ငြားအံ့။ ဤကိစ္စသည် အဆိုပါနှစ်နိုင်ငံ နှင့်သာ သက်ဆိုင်ပြီး (လူသန်းချီ၍ သတ်ဖြတ်ခံရမှသာ သုံးနှုန်းလေ့ရှိသည်) နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် မည်သို့မျှ စဉ်းစားနိုင်မည်မဟုတ်ပေ။ ကံမကောင်းအကြောင်း မလှသဖြင့် တရားမဝင်ကျူးကျော် ဝင်ရောက်လာသူ ဘင်္ဂါလီများအနက် အနည်းအကျဉ်းမျှ အသေအပျောက်ရှိနိုင်သော်လည်း စွပ်စွဲသောသန်းဂဏန်း ပမာဏ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ကမ္ဘာ့မီဒီယာများကလည်း အဆိုပါပမာဏ လူမျိုးတုံး သတ်ဖြတ် ခံရသည်ဟု စွပ်စွဲချက်ကို ဆန့်ကျင်ဖြေရှင်းပေးခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်စဉ်က စီးပွားရေးနိမ့်ကျမှုကြောင့် ရွာသူရွာသား အချို့သည် ၁၉၈၀ ပြည့်လွန်နှစ်များဝန်းကျင်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံစသည့်နိုင်ငံများ အတွင်းရွေ့ပြောင်းကာ အချို့မှာ ရွာတည်ပြီး စုပေါင်းနေထိုင်ခဲ့ကြသည်။ ရခိုင်ပြည် နယ်မှ စိုက်ပျိုးရေးလုပ်သားများစွာလည်း ပြောင်းရွှေ့ထွက်ခွာသည်။ ရခိုင်ပြည် နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် လယ်ယာလုပ်သားရှားပါးမှု ပြဿနာမှ အစ ပြုသော လုပ်သားအကျပ်အတည်း ပြဿနာပေါ်ပေါက်လာသည်။ ချမ်းသာ၍ လယ်ယာပိုင်ဆိုင်သော ရခိုင်များက နယ်ခြားစောင့်လုံခြုံရေးအား လဘ်ပေးကာ လယ်လုပ်ရန် ဘင်္ဂါလီများကို တရားမဝင် ခေါ်သွင်းပြီး ရွာငယ်များ ဖြစ်ပေါ်လာ သည်။ တရားမဝင်ဝင်ရောက်လာသူ ဘင်္ဂါလီလူဦးရေများပြား ပြန့်နှံ့လာပြီး ဒေသခံ ရခိုင်တို့နှင့်လည်း ပြဿနာများပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာမဟုတ်ခြင်း ဟူ သော အချက်ကလည်း အထောက်အကူမပေးနိုင်ချေ။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာလည်း ပြောင်းလဲနေပြီး စစ်ဖက်နယ်ဘက်တို့တွင် ရိုဟင်ဂျာ ကိစ္စရပ် အပေါ် အမှန်ကိုတင်ပြပြောဆိုသလားတင်ပြ ပြောဆိုခြင်းမပြုဖူးလား ဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်ခဲ့သည်။ အခြေ အနေမှာ ပို၍ဝေဝါးလာခဲ့သည်။ အစိုးရသစ် လက်ထက် ဒေါ်စုကြည်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဘာအကြောင်းကြောင့် မသိ ဖိတ်ခေါ်ခဲ့ပြီး ဒေသဆိုင်ရာ ပြည်တွင်းကိစ္စရပ်ကို နိုင်ငံတကာ အကျပ်အတည်းအဖြစ် ကြီးထွားအောင်ပြုလုပ်ခဲ့သည်။ ဤကိစ္စမှာ ဆက်လက် ဖြစ်ပေါ် နေပြီး ရှုပ်သည်ထက်ရှုပ်အောင် စီမံခဲ့ပုံပေါ်သည်။